Chapter 23
အရင်ဆုံး ဘိုးဘေးကိုလှည့်စားပါရစေ""ယောင်ချမ့်ကို မြန်မြန်လေး သတိပေးလိုက်..."
ယောင်စစ် ချွီဇယ်၏ ကော်လာကိုလက်တစ်ဖက်ဖြင့် ဆောင့်ဆွဲ၍အော်ပြောလိုက်သည်။ သူမ၏သည်းခံစိတ်များအားလုံး အငွေ့ပျံသွားပြီဖြစ်ပြီး ထိုပြဿနာကောင်နှင့် တစ်စက္ကန့်လေးမှအတူမနေချင်တော့ပေ။"ကျွန်တော် မလုပ်နိုင်လောက်တော့ဘူး..."
ချွီဇယ်ပန်းပွင့်၏အကျိအချွဲများဖြင့် ဖုံးလွှမ်းနေသော သူ၏လက်ကို အပြစ်ကင်းစင်သည့် ပုံလေးဖြင့် ရမ်းပြလာသည်။
"အစာချေဖျက်နိုင်စွမ်းအပြင် ဒီပင်တွေရဲ့ အရည်တွေက ပြင်ပဆက်နွယ်ချက်တွေကိုပါ ပိတ်ဆို့နိုင်တယ်..."
အဲ့အပြင် ငါကအဲ့လူကြီးကို ဆက်သွယ်ရမယ့် နံပါတ်ကိုသိစရာလား..."အဲ့တာဆို ငါတို့ဘာလုပ်ကြမလဲ.."
ဒီထဲမှာနေပြီး ပန်းပွင့်ကြီးဆီက အစာချေတာ ခံရမှာလား...."စိတ်သက်သက်သာသာနေပါ သခင်မလေးရယ်..."
သူ အမှုမဲ့အမှတ်မဲ့သာဖြေလိုက်သည်။
"အစားကြူးပန်းက သွေးစုပ်ဖုတ်ကောင်တွေကို အစာမချေနိုင်ဘူးလေ... ကျွန်တော်တို့က အရသာမရှိဘူးမှန်းသိသွားရင် ထွေးထုတ်ပါလိမ့်မယ်....""..."
နောက်ဆို အဲ့လိုအကြောင်းတွေကို စောစောပြောပါဟ....အိုး... ငါ့နှလုံးသားလေးပင်ပန်းနေပါပြီ...
ယောင်စစ်တစ်ယောက် သွေးစုပ်ဖုတ်ကောင်စစ်ပွဲကြီးထဲညပ်သွားကတည်းကစပြီး အခုလောက်ပင်ပန်းတာမျိုးမကြုံဖူးသေးပေ။
ဆံပင်အဝါနဲ့ကောင်တွေ တစ်ကောင်မှကောင်းကျိုးမပေးဘူးပဲ...ဤတစ်ကြိမ်တွင် ချွီဇယ်သူမကို မလိမ်ခဲ့ပေ။ နှစ်နာရီခန့်အကြာတွင် အစားကြူးပန်းပွင့်ကြီးက သူတို့နှစ်ယောက်ကို အစာချေ၍မရမှန်းရိပ်မိသွား၍ "ဝေါ့"ဟူသေ အသံဖြင့် အကျိအချွဲများပေပွနေသော သူတို့နှစ်ယောက်ကို အန်ထုတ်လိုက်သည်။ အမြစ်တစ်ခုကပင် ရွံရှာနေဟန်ဖြင့် သူတို့နှစ်ယောက်ကို ဟိုဘက်ပို့နေသေးသည်။
အန်ထုတ်ခံရပြီးနောက်တွင် ယောင်စစ် ပထမဆုံးလုပ်သည့်အရာမှာ ကွန်ပျူတာလက်ပတ်ကိုဖွင့်၍ ယောင်ချမ်းနှင့် ယန်ရွှမ်တို့ကို ဆက်သွယ်ခြင်းဖြစ်သည်။ သို့သော် သူမသူတို့ကို မည်မျှပင် ဆက်သွယ်နေပါစေ ပြန်လည်ဖြေကြားခြင်းမရှိပေ။
![](https://img.wattpad.com/cover/346223543-288-k852206.jpg)