ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

466 42 0
                                    

Chapter 33
စွန်လွှတ်သွားကြရအောင်

ယောင်စစ် မူရွှမ့်ကို ဖခင်ကောင်းတစ်ဦးအဖြစ်မှတ်ယူမိသည်။သူက သူမတောင်းဆိုသမျှအားဖြည့်ဆည်းပေးကာ သူမ၏မေးခွန်းမှန်သမျှကိုလည်း တစ်ခွန်းချင်းစိတ်ရှည်စွာ ပြန်လည်ဖြေကြားပေးလိမ့်မည်ဖြစ်သည်။ ဆောင်းခိုကြာသွားခြင်းကြောင့်လား မသိသော်လည်း သူ၏မျက်နှာကမူ အမြဲလိုလိုအေးစက်၍ အလေးအနက်ဖြစ်နေတတ်သည်။

သူမ၏အထူးစွမ်းရည်နှင့်ပတ်သတ်သောမေးခွန်းကို မဖြေကြားနိုင်ခဲ့သည့်ဖြစ်ရပ်က သူ၏မာနအားထိခိုက်မှုရှိသွားဟန်တူသည်။  ထိုအချိန်မှစ၍ သူမ၏သာမန်ကာလျှံကာ မေးခွန်းမှန်သမျှအား အသေးစိတ်ကျကျပြန်လည်ဖြေကြားလိမ့်မည်ဖြစ်ပြီး အသေးစိတ်ကျမှုကြီးက ယောင်စစ်ကိုပင် အလန့်တကြားဖြစ်စေသည်။

" ဒါကဘာကြီးလဲ..."

" အထူးစွမ်းရည်အကြောင်း အချက်အလက်တွေ..."

မူရွှမ် လေးနက်စွာ ပြန်လည်ဖြေကြားလိုက်သည်။

" စာအုပ်တွေလား..."

ယခင်တစ်ခေါက်က သူတို့ ကွန်ပြူတာလက်ပတ်ကိုသုံးခဲ့တာ မဟုတ်ဘူးလား...

" မင်းအတွက် စာအုပ်ကပိုအသားကျမယ်ထင်လို့..."

မူရွှမ် ရှင်းပြသည်။

" မင်းရဲ့ အထူးစွမ်းရည်ကမနိုးထသေးပေမဲ့ ကြိုတင်လေ့လာထားလို့အကျိုးမယုတ်ဘူးမဟုတ်လား...   ဒီစာအုပ်တွေထဲမှာ အကျဥ်းချုပ်အချက်အလက်တွေစုစည်းဖော်ပြထားတယ်..."

ယောင်စစ်၏မျက်လုံးများတောက်ပသွားကာ မူရွမ်ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ရာ ကျပန်းခေါင်းစဥ်များစွာဖြင့် စာအုပ်အပုံလိုက်အား မြင်တွေ့လိုက်ရချေသည်။

< အထူးစွမ်းရည်များ၏ မူလအစနှင့် ဖွံဖြိုးတိုးတက်လာမှု >

< ကျယ်ပြန့်သောအထူးစွမ်းရည်များ >

< မတူညီသော အထူးစွမ်းရည်အမျိုးမျိုးအားအသုံးပြရန်နည်းလမ်းအဖြာဖြာ >

< အထူးစွမ်းရည် လမ်းညွှန် >

စသည်စသည်တို့အပြင် အခြားစာအုပ်ပေါင်းများစွာတို့လည်း ရှိနေသည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးOpowieści tętniące życiem. Odkryj je teraz