Chapter 63
Euphoria (ဝမ်းသာပီတိ)
"နေဦး.."
လုဟန်ကျီ ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်သည်။
"မင်းတို့သူ့ကိုခေါ်သွားလို့မရဘူး... သူက တစ်ဦးတည်းသော အနာဂတ်ကိုကြိုတင်သိရှိနိုင်တဲ့ အစွမ်းရှိတဲ့သူပဲ... သူကဘယ်လောက်အဖိုးတန်တဲ့ နမူနာလည်းဆိုတာကို မင်းတို့မသိပါဘူး...""ယီးကို နမူနာပစ္စည်းပါလားကွ..."
ပိုင်ရိ ပေါက်ကွဲသွားသည်။
"သူတို့ကို စမ်းသပ်မှုလုပ်ဖို့ မင်းကို ဘယ်သူကခွင့်ပြုထားလို့လဲ...""မင်းဘာသိလို့လဲ.."
သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာပြီး အော်ဟစ် လာသည်။
"အောင်မြင်မှုမလာခင် စွန့်လွှတ်မှုဆိုတာ အရင်လာတယ်ကွ... မင်းတို့ သွေးစုပ်ဖုတ်ကောင်တွေ စကြဝဠာကိုအုပ်ချုပ်တာ အတော်ကြာနေခဲ့ပြီ... အခြားမျိုးနွယ်စုတွေ အိုမင်းပြီးသေဆုံးနေတဲ့အချိန် ဖျားနာပြီးသေဆုံးနေတဲ့အချိန် မင်းတို့မျိုးနွယ်ကို ဘယ်သူက မသေမျိုးဖြစ်နေခိုင်းလို့လဲ... ငါ့ရဲ့ သုတေသနက မျိုးနွယ်စုတိုင်းအတွက် အကျိုးရှိတာ... ငါတို့ မင်းတို့မျိုးနွယ်စုရဲ့ မသေနိုင်စွမ်းရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ရင် ကျန်တဲ့မျိုးနွယ်စုတွေအကုန်လုံးလည်း ထာဝရအသက်ရှင်သွားကြတော့မှာကွ...""ဒါက ခင်ဗျား ကျုပ်တို့မျိုးနွယ်တွေကို ပြန်ပေးဆွဲရတဲ့ အကြောင်းပြချက်ပေါ့လေ..."
ပိုင်ရိ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မေးလိုက်သည်။"အဲ့တာဘာများမှားလို့လဲ... ရှိသမျှမျိုးနွယ်စုတွေအားလုံး မသေမျိုးဖြစ်သွားရင် စကြဝဠာကြီးထဲမှာ နောက်ထပ်စွန့်လွှတ်ရမယ့်အရာတွေ ရှိတော့မှာမပါဘူး..."
သူ အဆက်မပြတ်တုန်ရီလာကာ သူ၏ဒဏ်ရာများကိုပင် မေ့သွားပုံ ပေါ်နေသည်။
"စွန့်လွှတ်ရမယ့်အရာတွေ မရှိတော့ရင် စစ်ပွဲတွေဆိုတာလည်း ရှိလာတော့မှာမဟုတ်ဘူး... အဲ့လိုဆိုရင် စကြဝဠာတစ်ခုလုံးလည်း ဝမ်းသာပီတိဖြစ်ရတဲ့ အခြေအနေရောက်သွားမှာပဲ.. ဒါငါတို့ရဲ့ အန္တိမပန်းတိုင်ပဲ...""ကျုပ်တို့မျိုးနွယ်ကလူတွေကို စမ်းသပ်ပစ္စည်းတွေအဖြစ်သုံးပြီး ဝမ်းသာပီတိဖြစ်ကြမယ်... နောက်နေတာမလား..."
ပိုင်ရိ အော်ပြောလိုက်သည်။
"ဒါတွေကို အနီရောင်ဂြိုလ်ကသိသွားတာနဲ့ ဖြစ်မယ့် အကျိုးဆက်ကို ထည့်မတွေးတော့ဘူးလား..."