ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

390 35 0
                                    

Chapter 45
နတ်ဘုရားမူ၏အမာခံပရိတ်သတ်

" မဆိုးဘူး မင်းမှာပြီးပြည့်စုံတဲ့ အကြိုက်ရှိတာပဲ..."

ဟော်ချီက ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်သည်။ သူ၏အမူအယာမှာ အကြိုက်တူသော သူငယ်ချင်းတစ်ဦးကို တွေ့ရသဖြင့် စိတ်လှုပ်ရှားနေဟန်ပေါ်သည်။

" ငါလည်းနတ်ဘုရားမူရဲ့ ပရိတ်သတ်ပါပဲ ငယ်ငယ်တည်းကသူ့ရောင်းကုန်မှန်သမျှစုဆောင်းပြီး သူထောက်ခံထားတာမှန်သမျှကိုပံ့ပိုးလာခဲ့တာ ... ဒါပေမဲ့မင်းကိုကြည့်ရတာ ငါ့ထက်တောင်အမာခံပရိတ်သတ်ဆန်နေတယ် သူ့နာမည်ကိုတောင်ယူထားတော့လေ ဟဟ..."

" ... "

သူမဘာများပြောနိုင်ပါဦးမည်နည်း။

" မကြာသေးခင်ကပဲသူနိုးလာတယ်လို့ ငါသတင်းကြားထားတယ် အဲဒါကြောင့်အခု အနီရောင်ဂြိုလ်ပေါ်သွားဖို့လက်မှတ်ရအောင်ကြိုးစားနေတာ..."

ရှင်းပြနေသော သူ၏အမူအယာက အလွန်စိတ်အားထက်သန်လျက်ရှိပြီး မူရွှမ်နှင့် တစ်ညလုံးပေါက်စကားပြောရန်ပင် အသင့်ဖြစ်နေပုံတူ၏။

" သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့မြို့တော်ကြီးကိုမရောက်နိုင်ပါစေ ငါသူ့ကိုမျက်နှာချင်းဆိုင်မတွေ့ရပါစေ  သူနဲ့ဂြိုလ်တစ်ခုတည်းမှာ အတူရှိနေရတယ်ဆိုတဲ့ခံစားချက်လေးကတောင်ငါ့ကိုနှစ်သိမ့်စေပါတယ်..."

"..."

ဘယ်လိုတောင်ပိန်းတာ...

မူရွှမ်ရဲ့နာမည်ကဒီနေရာမှာ ကမ္ဘာမြေပေါ်က ဝမ်ကျန်းကော်နဲ့ လီကျန်းကျွင်း တို့လိုမျိုးသက်ရောက်တာလား...

" မင်းဘယ်လိုသဘောရလဲ ငါနဲ့အတူလိုက်ခဲ့ချင်လား..."

ဟော်ချီက မူရွှမ်အား ပရိတ်သတ်တစ်ဦးဖြစ်သည့်အားလျော်စွာ သဘောထားကြီးကြီးကမ်းလှမ်းလိုက်ပြီး သူက မူရွှမ်၏ရင်ဘတ်အား ယုံကြည်ချက်ရှိရှိ လှမ်းပုတ်လိုက်သည်။

" မပူနဲ့ ဒီသာ့ကောက အဆက်အသွယ်တွေရှိတယ် အနီရောင်ဂြိုလ်ပေါ်သွားဖို့လက်မှတ် ရကိုရစေရမယ်ကွာ..."

" ... "

ဖန်တစ်ယောက်ကပဲ ဖန်တစ်ယောက်ကိုနားလည်နိုင်လိမ့်မယ်...

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးOnde histórias criam vida. Descubra agora