ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

830 35 1
                                    

Chapter 188
ငါ့လူကို ဒုက္ခပေးရဲတယ်ပေါ့

ဤမင်းသား‌က သွေးမျိုးသန့်များထဲတွင် အသန်မာဆုံးစွမ်းရည်ရှိသည်ဟု ယောင်စစ် ထင်လိုက်မိသည်။ ကောင်းကင်ပေါ်တွင် ပြည့်နေသည့် အနီရောင် အလင်းတန်းများက ထိုလူ၏ မထင်မှတ်ထားသော စွမ်းအားများကို သက်သေပြနေသကဲ့သို့ပင်။

ဝင်ပေါက်ကို ပြတ်ပြတ်သားသားဖြင့် ဖျက်ဆီးလိုက်ခြင်းကြောင့် ယောင်စစ် စိတ်သက်သာရာရသွားသည်။ အကယ်၍ ထိုလူကဲ့သို့ သွေးမျိုးသန့်များ ထပ်မံရောက်လာပါက ဂလက်ဆီ အရေအတွက်များများ ဖျက်ဆီးခံရမည် ဖြစ်သည်။

သူက သန်မာပေမယ့် မူရွှမ်နဲ့ လင်းလုံတို့ ပူးပေါင်းလိုက်မယ်ဆိုရင် ... ဟုတ်ပြီ ... အဲ့တာတောင် နိုင်ဖို့ အခွင့်အရေးမရှိသေးဘူး ...

○| ̄|_

အနီရောင် အလင်းတန်းတစ်ခုက လင်းလုံကို ဖြတ်သွားသဖြင့် သူ နောက်ပြန်ဆုတ်သွားသည်။ သူ့ထံမှ သွေးများ အဆက်မပြတ် ထွက်လာသည်။

" လင်းလုံ ..."
လျန်ယုက သူ၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကို ကိုင်ထားပြီး အော်လိုက်သည်။ သူမ မျက်လုံးတွင် မျက်ရည်များ ဝိုင်းလာသည်။

" ရှင် အဆင်ပြေရဲ့လား ..."

" အဆင်ပြေကြရဲ့လား ..."
ယောင်စစ်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ မူရွှမ်နှင့် လင်းလုံတို့နှစ်ယောက်လုံး ဝင်ပေါက်ဖွင့်ရန် ၎င်းတို့၏စွမ်းရည်များစွာကို အသုံးပြုခဲ့ကြသောကြောင့် အနိုင်ယူရန်အခွင့်အရေးအနည်းငယ်သာရှိသည်။

ထို့အပြင် မင်းသားက လင်းလုံ၏ တိုက်ခိုက်မှုကို စက္ကန့်ပိုင်းအတွင်း ချေမှုန်းနိုင်ခဲ့သည့်အတွက် အလွန်သန်မာလှသည်။

မင်းသားက ၎င်း၏ မူလပစ်မှတ်များကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် ညွှန်ကြားခဲ့သည်။ ရောင်ခြည်များက အရံအတားပေါ်သို့ ထပ်ခါထပ်ခါ ကျလာပြီး အချက်တိုင်းတွင် ၎င်းတို့၏ ပြင်းထန်မှု တိုးလာသည်။  တဖြည်းဖြည်းနှင့် အက်ကြောင်းများ ပေါ်လာသည်။

" ငါတို့ရဲ့ စွမ်းရည်တွေကို သွေးအကျဉ်းထောင်က ဖိနှိပ်ထားတယ် ..."
လင်းလုံ သွေးများထပ်မံ အန်လိုက်ပြီး သူတို့၏ အထက်မှ အနီရောင်အလင်းများကို လက်ညိုးထိုးပြလိုက်သည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Aug 11, 2023 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးTahanan ng mga kuwento. Tumuklas ngayon