Chapter 173
ပထမဆုံး စစ်ဆေးရေးဂိတ်" သေစမ်း ... အဲ့ဒါဘာကြီးတုန်း ..."
ယောင်စစ် ပါးစပ်အဟောင်းသားဖြင့် ရှေ့ကို စိုက်ကြည့်နေသည်။ ဧရိယာတစ်ခုလုံးကို တွင်းနက်များဖြင့် ဖုံးလွှမ်းထားပြီး ၎င်းတို့ကိုကြည့်ရသည်မှာ ပိုးကောင်တွင်းများနှင့် တူနေသည်။" သူတို့က ဝါးမျိုစားသောက်တတ်တဲ့ ဝင်ပေါက်တွေပဲ ..."
ထိုနေရာမှ တွင်းနက်များကို မြင်သည့်အခါ ပိုင်ရိ၏ မျက်နှာက ဖြူဖျော့သွားသည်။" ဒီတွင်းနက်တွေ အားလုံးရဲ့ တည်ရှိမှုကို အာကာသ ဆုံမှတ်တစ်ခုပေါ်မှာ ရှိနေတဲ့ ဂြိုလ်တွေကပဲ ရှင်းပြနိုင်တယ် ... ဒါပေမဲ့ အကြီးအကဲကောင်စီက ဒီလိုနေရာမျိုးမှာ စစ်ဆေးရေးဂိတ်ကို ထားမယ်လို့ မထင်ခဲ့မိဘူး ..."
၎င်းတို့မှာ ထိလိုက်ရုံဖြင့် ဆုတ်ဖြဲခံရနိုင်ချေရှိပြီး စစ်ဆေးချက် တစ်ခုအတွက်ဆိုလျှင် ရက်စက်လွန်းလှသည်။ ပထမဆုံးနေရာသည် သတိကြီးစွာ ထားရန်လိုသည့် နေရာမျိုး ဖြစ်နေသည်။
" အယ် ... စစ်ဆေးရေးဂိတ်က ဟိုနားလေးမှာပဲထင်တယ် ..."
လီကျန့် ရှေ့သို့ ညွှန်ပြလိုက်သည်။ယောင်စစ် ခေါင်းမော့ကြည့်လိုက်သည့်အခါ မနီးမဝေးတွင် ကြီးမားသည့်ကျောက်တုံးကြီးပေါ်၍ အနီရောင်စက်တစ်ခု တည်ရှိနေသည်။ ၎င်း၏အထက်တွင် အနီရောင်သင်္ကေတနှင့် " စစ်ဆေးရေးဂိတ် " ဟု ရေးထားသည်။
မီတာရာပေါင်း အနည်းငယ်မျှသာ ဖြစ်သည့်အတွက် အလွန်မဝေးပေ။ သို့သော် ထိုနေရာမရောက်မီ တွင်းနက် ဆယ်ခုခန့်ရှိနေပြီး အချို့က ရွေ့လျားနေကြသညိ။
" ငါတို့ ဘာလုပ်ကြမလဲ ..."
ပိုင်ရိ တွန့်ဆုတ်သွားသည်။" ဒီ စစ်ဆေးရေးဂိတ်ကို လက်လျှော့လိုက်ကြမလား အရမ်း အန္တရာယ်များလွန်းတယ် ..."
ယောင်စစ် စိတ်ထဲမှ အချိန်ကို ရေတွက်နေသည်။
" ရောက်နေပြီးမှတော့ ကြိုးစားကြည့်ကြမယ်လေ ..."
သူတို့ ဤစစ်ဆေးရေးဂိတ်ကိုရောက်ရန် လဝက်ခန့် အချိန်ယူခဲ့ရသည်။ နောက်ထပ် စစ်ဆေးရေးဂိတ် ကိုးခုကို သွားရန်ကျန်သေးသောကြောင့် ဤတစ်ခုကို လက်လျှော့လိုက်ပါက အချိန်ဖြုန်းသကဲ့သို့ ဖြစ်သွားလိမ့်မည်။
![](https://img.wattpad.com/cover/346223543-288-k852206.jpg)