Chapter 14
သင်ကြားရန်အသင့်ယောင်စစ် သူလက်ထဲမှ ထက်ပိုင်းကျိုးထားသောအရိုးကိုကြည့်၍ ရုတ်တရက်ဘာလုပ်ရမယ်မသိတော့ချေ။
ငါဒါကိုလည်းပြန်ဆက်လို့မရတော့ဘူးလေ...ဟုတ်တယ်မှတ်လား...
"တောင်းပန်ပါတယ် ...ငါအသစ်ပြန်ဝယ်ပေးမယ်ဆိုရင်ရော..."
ဖက်တီးလေးက ခဏမျှရပ်သွားပြီးနောက်ပို၍ ကျယ်လောင်စွာအော်ဟစ်ငိုကြွေးလာလေသည်။ဥယျာဉ်တစ်ခုလုံးသူငိုသံများဖြင့် ပြည့်နေ၏။
သူမမည်မျှပင်ကြိုးစားချော့မော့စေကာမူလုံးဝမရပ်တန့်ပေ။သူမပါ ငိုကြွေးချင်လာသော်လည်း မျက်ရည်ကထွက်ကြမလာပေ...သူမ ထင်ထားသလိုပင် မည်သည့် ကမ္ဘာ တွင်မဆို ကလေးများကကြောက်စရာအကောင်းဆုံးသက်ရှိများပင်ဖြစ်သည်။
လုပ်ကြပါဦး...
ဘယ်လိုများသူကိုချော့ရမှာလဲ...
ကံမကောင်းစွာဖြင့်ပင် ထိုဖက်တီးလေးနားသို့ တစ်ခြားကလေးကြီးများအားလုံးဝန်းရံလာသည်။
သူမကို ဓားများဖြင့်ပင် ထိုးစိုက်ချင်သလို စူးစူးရဲရဲစိုက်ကြည်လာကြ၏။
"သူက ဘေဘီကျူးက်ိုငိုအောင်လုပ်လိုက်တာ..."
"အဲဒီလူသစ်လေးကလေ လုံးဝမကောင်းတဲ့လူပဲ..."
"သူ နဲ့ လုံးဝမဆော့နဲ့တော့..."
"ဟုတ်တယ်.. ဟုတ်တယ် ...ငါ သူနဲ့လုံးဝမဆော့တော့ဘူး...သူက ဘေဘီကျူးရဲ့ သွားသွေးတံလေးကိုတောင်မှ ယူထားတယ်..."
"သူ ဘေဘီကျူးကိုရိုက်လိုက်တာပဲဖြစ်ရမယ် ..."
ဝိုး..ဝိုး..ဝိုး...
ပေါက်တက်ကရတွေပြောတာ ရပ်ကြပါတော့... ငါသူကိုရိုက်တယ်ဆိုတာ ဘယ်မျက်လုံးနဲ့ များမြင်လိုက်ကြတာလဲ..."ငါ ဒီလိုလုပ်ဖို့မရည်ရွယ်ပါဘူး...ပြီးတော့လဲ ငါသူကိုလုံးဝမရိုက်ဘူး..."
"လူလိမ်... နင်ဒီလိုလုပ်လိုက်တာပဲလေ..."
သူမနှင့်အနီးဆုံးတွင်ရပ်နေသော ကလေးတစ်ယောက်က ရှေ့သို့တစ်လှမ်းတိုးလာသောကြောင့်သူ၏ ကြံခိုင်သန်မာသောကြွက်သားများက လှုပ်ခါသွားပြီး သူမကိုပင် တွန်းထုတ်လိုက်သလိုဖြစ်သွားသည်။