Chapter 21
အိမ်တော်ထိန်းလူအိုကြီးယောင်စစ်ဂိမ်းထဲမှ ထွက်လာပြီးကတည်းက သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုမှ အကြီးအကဲများအားလုံး ကိုယ့်ကိုကိုယ် အပြစ်တင်နေကြတော့သည်။
သူတို့ထဲကတစ်ယောက်မှ သခင်မလေးကနှစ်သန်းရာပေါင်းများစွာ ဆောင်းခိုနေခဲ့ရ၍ စကြဝဠာအများသုံးဘာသာစကားကို နားမလည်ပဲဖြစ်နေမည်ဟု မထင်ခဲ့ကြပေ။ သူတို့ငိုတော့မလို ခံစားနေကြရသည်။
သူတို့ သခင်မလေးကို မရင်းနှီးတဲ့ဂိမ်းထဲမှာ ပစ်ထားခဲ့မိကြတယ်... သူတို့ငိုမိတော့မှာပဲ...
သခင်မလေးခင်ဗျာ အထီးကျန်ပြီး ကူကယ်ရာမဲ့နေရှာလို့ အချိန်ဖြုန်းဖို့အတွက် ယုန်တွေရှာပြီးသတ်နေရရရှာတာ... ပြန်တွေလေလေ အားကြီးနဲ့အော်ငိုချင်လေလေပဲ...
အမွေအနှစ်ပစ္စည်းတွေအများကြီး စုဆောင်းနိုင်ဖို့ သခင်မလေး ဘယ်လောက်တောင်ခံစားခဲ့ရမလဲ... သူတို့မျက်လုံးတွေကိုသာဖောက်ထုတ်ပစ်လိုက်ချင်တယ်...
သူတို့ တစ်လကျော်ကျော်ကြာမှ ဒီပြဿနာကိုရှာတွေ့ခဲ့ကြတာ... သေတောင်သေချင်တယ်...
ထို့ကြောင့် ယောင်စစ် ဂိမ်းထဲမှထွက်လာသည်နှင့် ရင်နာနာနှင့်ခါးသီးဝမ်းနည်းမှုတွေ ပြည့်နေတဲ့မျက်နှာတွေကို ပထမဆုံးမြင်လိုက်ရတော့သည်။ မျက်တောင်ခတ်လိုက်သည်နှင့် မျက်ရည်များစီးကျလာမလိုဖြစ်နေသော မျက်ရည်ဝဲနေသော မျက်လုံးများစွာကလည်း ဆီးကြိုနေသည်။
ထိုကဲ့သို့သောအကြည့်များနှင့် အကြည့်ခံနေကြဖြစ်သော ယောင်စစ်တစ်ယောက် မျက်ရည်ဝဲနေသော မျက်လုံးပေါင်းစုံကို ကြုံတွေ့လိုက်သောအခါ...
နေသားကျနေသလိုတောင် ခံစားနေရပါပြီလေ...
╮(╯﹏╰)╭"သခင်မလေး... ဒါက ကျွန်တော် တိရိစ္ဆာန်မွေးမြူရေးဂြိုလ်ကမှာထားတဲ့ အလင်းလုံးသားရဲရဲ့ လတ်လတ်ဆတ်ဆတ်သွေးပါ... အတော်လေးအရသာရှိပါတယ်..."
သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က သူမကို အလွန်ယဉ်ကျေးသည့် အမူအယာနှင့် နီရဲရဲသွေးပန်းကန်တစ်လုံးကိုပေးလာသည်။
"စိတ်မရှိဘူးဆိုရင်... တစ်ချက်လောက်သုံးဆောင်ကြည့်ပါလား.."