Chapter 100
စက်ရုပ်ဖျက်ဆီးသူ"တစ်ယောက်ယောက်က မဟူရာလျှပ်စီးကိုတကယ်ကြီးစိန်ခေါ်လိုက်တယ်ပေါ့..."
"ဟား...ဟား....ဟား...စိတ်ဝင်စားစရာပဲဟေ့..."
"ဟုတ်တယ် ဒါကပထမဆုံးအကြိမ်သူကိုစိန်ခေါ်တာပဲ အမြဲတမ်းကသူကပဲစိန်ခေါ်တာကိုစခဲ့တဲ့လူလေ..."
"အဲ့ဒီ ဘိုးဘေးလေးကဘယ်သူများလဲ မင်းတို့သူအကြောင်းကိုရောအရင်ကကြားဖူးကြလား..."
"မင်းတို့သူမရဲ့အချက်လက်တွေကိုမြင်ပြီးပြီလား...သူမရဲ့အောင်မြင်မှုပွဲစဉ်က 0% ပဲရှိတယ်တဲ့ ဟား....ဟား...သူ စိန်ခေါ်ဖို့သတ္တိတွေဘယ်ကရောက်တာလဲတော်မသိဘူး..."
"သူမ နင်းချေခံရလိမ့်မယ်လို့ ငါအစပ်ပြားတစ်ပြားနဲ့လောင်းမယ်..."
သူတို့ကြားထဲမှဆွေးနွေးငြင်းခုန်မှုကပို၍ပြင်းထန်လာလေသည်။
ယောင်စစ် အူများအသည်းများ ပြောင်းပြန်လန်သွားသလိုပင် ခံစားလိုက်ရသည်။ဒါဆိုရင် ဒီခလုတ်ကစိန်ခေါ်မှုလုပ်တဲ့ခလုတ်တဲ့လား.....ငါကဘယ်လိုလုပ်သိမလဲ
ဒီမကောင်းဆိုးရွားယုတ်မာတဲ့လက်ကိုပဲအပြစ်တင်ရမယ်...
အခုဘယ်လိုလုပ်ကြမလဲ...အခုအရှုံးပေးဖို့နောက်ကျသွားပြီးလားဟင်...[အရှုံးပေးရန် တောင်းဆိုချက်ကိုပြိုင်ဘက်မှ ငြင်းပယ်လိုက်သည်။]
သောက်ကျိုးနည်း...
သူကတကယ်ကြီးအတည်လုပ်နေတာပဲ...[ပြိုင်ပွဲစပါတော့မယ်.. ၉..၈...၇....]
တကယ်ပဲလား ...တကယ်ကြီးဒီလိုစရတော့မှာလား...
ယောင်စစ် ခြေလက်များတောင့်တင်းအေးခဲသွားပြီးသွေးကြောများပင်ထင်းခနဲပေါ်လာပေသည်။
သူမ၏ ရှေ့တွင် စာတန်းတစ်တန်းပေါ်လာသည်။
[ စက်ရုပ်အတွက် ဒေတာများမတွေ့ပါ သင့်တော်တဲ့စက်ရုပ်တစ်ခုကိုရှာဖွေပါ...]
စက်ရုပ်များနှင့်ပတ်သက်၍ သူမတွင်အတွေ့ကြုံမရှိပေ။ ထိုအချိန်အတော.အတွင်းမဟူရာလျှစ်စီးက ဟန်ရေးတစ်ပြပြဖြင့်ပြင်ဆင်လေသည်။
ယောင်စစ် အံတင်းတင်းကြိတ်ကာသူမနှင့် ရင်းနှီးနေသောဝဝပုပု စက်ရုပ်ကိုရွေးချယ်လိုက်သည်။