Chapter 68
အကျင့်ဆိုးတွေကို ပြောင်းရမယ်"ဒါဆို ဘာလို့ငါ့ကိုမစောင့်တာလဲ..."
သူမထမင်းစာချိန်နောက်ကျလျှင် သူရောက်လာမည်ကိုသိသော်လည်း သူ့ကိုမစောင့်ပဲ ထိုအန္တရာယ်ရှိသော အခြေအနေထဲသို့သာ ခုန်ဆင်းခဲ့သည်။"..."
ယောင်စစ် ကြောင်အသွားသည်။ သူမစိတ်ထဲတွင် ထိုအတွေးတစ်ခါမျှမပေါ်လာဖူးသလို ထိုအကြံကိုလည်း လျစ်လျူရှုမိလိုက်ပုံပေါ်လေသည်။မူရွှမ်၏ မျက်နှာမဲမှောင်သွားကာ သူ၏အကြည့်များက မကျေနပ်ချက်တို့ဖြင့်ပြည့်လာသည်။ အသက်ပြင်းပြင်းရှူ၍ သူမ၏ခေါင်းကိုသာ ပုတ်ပေးလိုက်တော့သည်။
"စစ်စစ်... ငါကမင်းရဲ့အုပ်ထိန်းသူပါ... မင်းက စကြဝဠာကြီးတစ်ခုလုံးကို ဖျက်ဆီးချင်တယ်လို့ ပြောရင်တောင် ကူညီပေးမှာ... ငါ့ကိုပိုပြီးအားကိုးလို့ရပါတယ်..."ယောင်စစ်၏နှလုံးသားက ဆုပ်ကိုင်ခံလိုက်ရသလိုတင်းကြပ်သွားပြီး သူမ၏လည်ချောင်းထဲတွင် ခံစားချက်များနှင့် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်လာသည်။ ထူးဆန်းသောအသံဖြင့် သူမ "ဖေဖေ"ဟု ခေါ်လိုက်မိသည်။
"မူရွှမ်.."
"မူရွှမ် ကျွန်မတောင်းပန်ပါတယ်... ကျွန်မအရာရာတိုင်းကိုကိုယ်တိုင်လုပ်ခဲ့ရတော့ အကျင့်ပါနေခဲ့တာပါ..."
သူမ တစ်ယောက်တည်းနေခဲ့ရပြီး ကိုယ်တိုင်သာဆုံးဖြတ်ချက်ချခဲ့ရသည်။ တာဝန်အားလုံးကို သူမပခုံးပေါ်ထမ်းရွက်ခဲ့ရပြီး မည်သူ့ကိုမှ အားမကိုးနိုင်ခဲ့ချေ။သို့သော် ယခုတွင် သူမ၌အဖေတစ်ယောက်ရှိလာပြီဖြစ်သည်။ ယခု သူမနှင့် ထမင်းအတူစားရန် စောင့်ဆိုင်းပေးတတ်သူက သူ့အပေါ်မှီခိုရန်မျှော်လင့်နေသည်။
သို့သော် သူမက ထိုသို့မလုပ်ခဲ့မိချေ။
"ကျွန်မပြောင်းလဲပစ်မယ်... တကယ်ပြောင်းလဲပစ်မယ်..."
"အင်း..."
–
သွေးစုပ်ဖုတ်ကောင်များအပေါ် မရားသဖြင့်စမ်းသပ်မှုများအကြောင်းက တစ်မျိုးနွယ်လုံးကို ပြင်းပြင်းထန်ထန်ဒေါသထွက်စေသည်။ ကယ်တင်ခံခဲ့ရသော သွေးစုပ်ဖုတ်ကောင်များက မည်သည့်ပြဿနာမျှမရှိကြောင်းသေချာစေရန် အကြီးအကဲကောင်စီမှ ဗဟိုဌာနများတွင်ထားပြီး အသေအချာစောင့်ကြည့်နေလျက်ရှိသည်။