Chapter 130
ဆက်ခံသူအစစ်"ဖေဖေကိုကြည့်ရတာ အရမ်းပဲ ရင်းနှီးနေသလိုပဲ...ဖေဖေ... ကြားခဲ့တာတော့...ဖေဖေကကျွန်တော့်ကို ဘယ်လိုမျိုးသွေးစုပ်ဖုတ်ကောင်လုပ်ရမယ်ဆိုတာသင်ပေးခဲ့တာဆို... ဖေဖေကအရမ်းပဲအရွယ်တင်တယ်...ပြီးတော့အရပ်လည်းသိပ်မရှည်ဘူးနော်..."
လီကျန်းက ယောင်စစ်ကို စုန်ချီဆန်ချီကြည့်လိုက်ပြီးနောက် ဘေးမှရပ်နေသော လူကိုပုတ်၍ မေးလိုက်သည်။
"အာ...ညီအစ်ကိုရေ ငါ့ဖေဖေကဘာလို့ကြည့်ရတာမိန်းကလေးဆန်နေတာလဲဟင်..."
(╯‵□′)╯︵┻━┻
"ငါက မိန်းကလေး..."
ယောင်စစ် အော်ပြောလိုက်သည်။
လီကျန်းက လန့်ဖြန့်သွားပုံဖြင့်အနောက်သို့ဆုတ်လိုက်ပြီး ယောင်စစ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"bro...ဒီနေရာမှာမိန်းကလေးတွေကလည်း အဖေဖြစ်နိုင်တယ်လား...နည်းပညာတွေက စောက်ရမ်းတိုးတက်လာတာပဲ..."
ယောင်စစ်"...."
မူရွှမ် "..... "
ယောင်ချမ့် "....."
ယောင်စစ် ပို၍ စိတ်ရှုပ်ထွေးလာမိသည်။
တစ်ကယ်ပဲဘာတွေဖြစ်သွားတာလဲ....သူက ရုတ်တရက်ကြီး ဘာလို့ငါ့ကိုအဖေလို့ခေါ်နေတာလဲ...."အရှင်မင်းကြီး...သခင်မလေး.."
ယောင်ချမ့် သက်ပြင်းအကျယ်ကြီး တစ်ချက်ချလိုက်သည်။
"အခြေအနေကို အရှင်တို့ကိုယ်တိုင်ပဲမြင်ပြီမဟုတ်လား..."
"ခဏနေဦး သူ ခုဏတုန်းက သူ့ကိုယ်သူဘယ်လိုပြောလိုက်တာ..."
လီကျန်း သူ့အမည်သူပြောခဲ့ပုံကိုပြန်လည်သတိရသွားမိသည်။
"ယောင်စစ်..."
လီကျန်းကတစ်ချက်မှ တုန့်နှေးမနေဘဲချောမွေ့စွာ ပြန်ဖြေလိုက်၏။ ထို့နောက်သူကဆက်ပြောလိုက်သည်။
"ဒါက ကျွန်တော် မှတ်မိနေတဲ့တစ်ခုတည်းသောအမည်ပဲ ဘာကြောင့်ဒီလိုအမည်မျိုးပေးခဲ့မိမှန်းမသိဘူး...ယောင်စစ်...ယောင်စစ်... "
ယောင်စစ်တစ်ယောက် အရှိုက်တည့်တည့်ကိုအထိုးခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။