Chapter 144
ကံဆိုးရှာတဲ့ ဘော့စ်ယောင်စစ် ပြန်လည်မတုံ့ပြန်နိုင်မီ သားရဲအုပ်စုကြီးက သူတို့ကိုဝန်းရံလိုက်ပြီဖြစ်သည်။
"ငါတို့ လုံခြုံရေးစနစ်ကို ပိတ်ပြီးတာတောင်မှ ဘယ်လိုလုပ်ဝင်လာနိုင်ရတာလဲ..."
ခေါင်းဆောင်ဟုထင်ရသော ကျားခေါင်းနှင့်လူကြီးက ရှေ့သို့ထွက်လာပြီး သူတို့ကို စူးစမ်းလိုက်သည်။
"လုလုပ်ငန်းစုရဲ့ ထိပ်ဆုံးအဆင့် စီမံခန့်ခွဲသူတွေပဲ အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို အမိန့်ပေးပိုင်ခွင့်ရှိတာ... မြန်မြန်လေး နယ်မြေ၉ရဲ့ ကြီးကြပ်သူကိုသွားခေါ်ပြီး အဲ့လူကို ဖော်ထုတ်ဖို့ လုပ်ခိုင်းလိုက်..."ကျားသစ်ခေါင်းနှင့်လူက ချက်ချင်းထွက်သွားလိုက်သည်။ တစ်မိနစ်အတွင်း သူက အသက်လေးဆယ်ခန့် သတ်လတ်ပိုင်းလူတစ်ဦးကို ဆွဲခေါ်လာခဲ့သည်။ ထိုလူက တစ်ကိုယ်လုံး အပြာရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး သူ၏မီးခိုးရောင်ဆံပင်များက ရှုပ်ပွလျက်ရှိသည်။ သူက အလွန်ကြောက်နေပုံပေါ်ပြီး မထိန်းချုပ်နိုင်အောင် တုန်ရီလျက်ရှိသည်။
ကျားသစ်ခေါင်းကသူ့ကို ဆွဲခေါ်လာပြီး မြေပေါ်ပစ်ချလိုက်သည်။ သူ့ခေါင်းသူ တုန်တုန်ယင်ယင်မော့လိုက်ပြီး လုချန်ကိုတွေ့လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်လာသည်။
"မန်နေဂျာလု.. ဘယ်လိုလုပ်ဒီကိုရောက်နေရတာလဲ....""ကြီးကြပ်ရေးမှူးယွမ်..."
သူတို့နှစ်ယောက်လုံးက အသိအကျွမ်းများဖြစ်ကြပေသည်။
"ဒါ... အတိအကျဘာတွေဖြစ်နေတာလဲ...""ဒီတော့ မင်းက သတ္တုရိုင်းဂြိုလ်ရဲ့ မန်နေဂျာပေါ့...."
နောက်ထပ် ဘာမှမပြောနိုင်မီ ကျားခေါင်း၏ မျက်လုံးက တောက်ပသွားသည်။ သူရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး လုချန်ကို အပေါ်အောက် အစုန်အဆန်ကြည့်ပြီး သူ၏အစွယ်ချွန်ချွန်များပင် ထွက်ပေါ်လာအောင် ပြုံးလိုက်သည်။
"မင်းရဲ့ မျိုးရိုးနာမည်ကလုဆိုတော့ မင်းကလုမိသားစုကပဲ ဖြစ်ရမယ်... ဒီလောက်ငါးအကြီးကြီးဖမ်းမိမယ်လို့ လုံးဝမထင်ထားခဲ့ဘူး... ဟားဟားဟား....""မင်း... မင်းဘယ်သူလဲ... မင်းဘာလိုချင်တာလဲ..."
ဤသည်က လုချန်တစ်ယောက် ဤသို့သော သတိကြီးကြီးထားရသော အခြေအနေမျိုးသို့ ပထမဆုံးကျရောက်ဖူးခြင်းဖြစ်ပြီး စတင်၍ ကြောက်လန့်လာသည်။
"ဘာမှ အလျှင်စလိုမလုပ်ပါနဲ့... ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်..."
![](https://img.wattpad.com/cover/346223543-288-k852206.jpg)