ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

359 36 0
                                    

Chapter 74
သယ်ယူပို့ဆောင်မှုနည်းလမ်းများ

အကူဝန်ထမ်းလေးက ခဏမျှငြိမ်သက်သွားပြီးနောက် ယောင်စစ် ဤနေရာကိုလေ့ကျင့်ရေးအတွက် ရောက်လာကြောင်းပြန်သတိရသွားသည်။

သူမ ရှက်ရွံ့အနေခက်စွာဖြင့် ပြုံးလိုက်ပြီး...

"ဟီးဟီး ...အားလုံးကို အတူတူပဲဦးစားပေးပါတယ်...ဒါပေမဲ့ မစ်စ် ဒီနေရာမှာလေ့ကျင့်ရေးဆင်းပြီးသွားလို့ အလည်အပတ်ထွက်ချင်သေးတယ်ဆိုရင်တေ့ာ...ကျွန်မကိုလာရှာလိုက်နော်...ကျွန်မရဲ့ နံပါတ်က '233'  'မစ်စ်' သာလာရှာမယ်ဆိုရင် ကျွန်မက အထူးပရိုမိုးရှင်းပေးမှာပါ..."

ထိုဝန်ထမ်းက စာရွက်စာတမ်းများကိုပြင်ဆင်ပြီးနောက် သူမ၏လေ့ကျင့်ရေးအကြောင်း စတင်ဆက်လက်ပြောပြတော့မည့် အချိန်မှာပင် ဘေးနားဆီမှ ကျယ်လောင်စူးရှသောအသံတစ်ခုထွက်ပေါ်လာလေသည်။

ထိုသူကစာရွက်စာတမ်းများကိုဘေး၌ချထားလိုက်ပြီးနောက် အဆောင်စာရွက်တစ်ခုကိုဆွဲယူကာ လက်ဟန်တစ်ချို့ပြုလုပ်လိုက်သည်။အဖြူရောင်အမှုန်အမွှားလေးများ ထိုအဆောင်ထဲကျရောက်လာပြီးနောက် ထိုအမျိုးသမီးမျက်နှာပျက်သွား‌လေသည်။

"ဘာလဲ..ကားအက်စီးဒန့်ဖြစ်တာလား...ဒီမှာ ကာစတမ်မာတစ်ယောက်ရှိနေတယ်လေ..."

ထိုအမျိုးသမီးက မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ...နင်ဆေးဆိုင်ကိုသာမြန်မြန်သွားလိုက်...ငါ့ဘာငါ‌ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်မယ်..."

ထို့နောက်သူမက '‌ယောင်စစ်' ဆီသို့ တောင်းပန်သည့်မျက်နှာထားလေးဖြင့်ပြန်လည်ရောက်လာသည်။

"မစ်စ်... ကျွန်မအရမ်းပဲတောင်းပန်ပါတယ်...အခုလေးတင်ပဲ 'VIP' ပို့ဆောင်ရေးမှာ မတော်တဆမှုလေးတစ်ခုဖြစ်သွားတယ်လို့ အကြောင်းကြားချက်ရလာတယ်...အဲ့တော့ ကျွန်မတို့ဘက်ကနေပြီးတော့ အများပြည်သူသုံးပို့ဆောင်ရေးနဲ့ပဲ စီစဉ်ပေးမယ်ဆိုရင်ကော အဆင်ပြေနိုင်မလားရှင်..."

"ကိစ္စမရှိပါဘူး..ရပါတယ် ..."

ယောင်စစ် ကထိုကဲ့သို့ဖြစ်ရပ်များအပေါ် နားလည်မှုရှိလေသည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now