Chapter 122
ကောင်းကင်ဘုံနတ်ဆိုးရဲ့တုန်လှုပ်စရာမြင်ကွင်း"ကောင်းကင်ဘုံနတ်ဆိုးရှင်းချုံးက ဒီဂြိုလ်ပေါ်မှာရှိတာသေချာရဲ့လား..."
ယောင်စစ် သူမရှေ့ရှိ ဂြိုလ်ကို လက်ညှိုးညွှန်ပြ၍မေးလိုက်သည်.။
"စိတ်မပူပါနဲ့...အားလုံးအဆင်ပြေသွားမှာပါ..."
လီယွဲ့ သူ့ရင်ဘတ်ကိုဖိပြီး ခပ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။ အာကာသမျိုးနွယ်များ၏ မှတ်တမ်းများအားလုံးကို စိစစ်ပြီးနောက်ရှင်းချုံး၏တည်နေရာကို ရှာရခြင်းအားပို၍ ကျည်းမြောင်းအောင်ပြုလုပ်နိုင်ခဲ့သည်။
"မှန်ပါတယ်သခင်မလေး..."
နံပါတ်၂၇ကချွီဇယ်၏ပခုံးပေါ်ခုန်ဆင်းလိုက်ခုန်တက်လိုက်လုပ်နေရင်းမှသူမဆီသို့ပျံသန်းလာလေသည်။
"အာကာသမျိုးနွယ်တိုင်းနီးပါးရဲ့ ကွန်ပျူတာကို ကျွန်တော်ဖောက်ထွင်းဝင်ရောက်ခဲ့တယ်...ဒီကောင်းကင်ဘုံနတ်ဆိုးဂြိုလ်ကတော့ ကွန်ပျူတာကွန်ရက်မရှိတဲ့နေရာဖြ စ်နေပေမဲ့လည်း...သူနဲ့နီးကပ်တဲ့ကမ္ဘာတွေဆီကနေပြီးတော့ သူ့ရဲ့ပုံရိပ်ကို ကျွန်တော်ဖမ်းမိခဲ့တယ်...သူဒီဂြိုလ်ပေါ်မှာရှိနေဖို့99%သေချာပါတယ်..."
ယောင်စစ် ချွီဇယ်ကိုကြည့်လိုက်သည်။ ယခုသူ့ကိုသူသက်သေပြပြီးသားဖြစ်သော်လဲ ယခင်ကဆိုးရွားလှသောအကျင့်များကြောင့်မယုံကြည်နိုင်ဘဲဖြစ်နေသေးသည်။ ထို့ကြောင့်တစ်ယောက်ထည်းသော ယုံကြည်ရသည့်သူဆီသို့လှည့်မေးလိုက်သည်။
"အပျိုစင်ယွဲ့သေချာရဲ့လား..."
လီယွဲ့၏မျက်နှာ တောင့်တင်းသွားလေသည်။ သူ ရေချိုးခန်းထဲမှာရှိနေရာမှလအနီရောင်ဂြိုလ်ပေါ်ကိုဆွဲယူခံရပြီးနောက် သူ့အပေါ် လူတိုင်း၏အမြင်က ပြောင်းလဲသွားလေသည်။
သူ့ကိုယ်သူအတွက် တရားမျှတမှုရှာဖွေရန်လိုအပ်သည်ဟုခံစားမိလေသည်။ သူယောင်စစ်ကိုလေးနက်အမူအယာဖြင့်ကြည့်လိုက်သည်။"သခင်မလေးကအထင်အမြင်လွဲမှားနေပါပြီ...ကောင်းကင်ဘုံကိုးပါးရဲ့အာကာသမျိုးနွယ်တယောက်ဖြစ်တဲ့ ကျွန်တော်က ယောက်ျားတစ်ယောက်ပါ...ကျေးဇူးပြုပြီးတော့ကျွန်တော့်ရဲ့အကြိုက်တွေကိုသံသယမဝင်ပါနဲ့...ကျွန်တော့်ကိုခေါ်ဆိုတဲ့နာမည်ကိုပြောင်းလဲပေးနိုင်မလား..."