Chapter 43
စကြာဝဠာသားရဲကြီး...ဟောင်စစ်က သူမအစွမ်းနှင့် မရင်းနှီးသေးသောကြောင့် ယခုထိ ထိန်းချုပ်ဖို့ မလွယ်သေးကြောင်း မူရွှမ် ရှင်းပြသွားသည်ကို ကြည့်ခြင်းအားဖြင့် သူမ အများကြီး လေ့ကျင့်ရန်လိုအပ်ကြောင်း သိနိုင်ပေသည်။သို့သော် ထိုလေ့ကျင့်နိုင်မည့် အခွင့်အရေးက မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ယောင်စစ် အာကာသယာဉ်ပျံများနှင့် ပြည့်နေသော လေဟာနယ်တစ်ခွင်ကိုကြည့်၍ ခေါင်းထဲ ချာချာလည်နေလေသည်။
သူမ လေ့ကျင့်ရေးကွင်းမှ အိမ်ပြန်ရောက်သွားပြီး အိပ်ပျော်သည်အထ်ိပဲ မှတ်မိလိုက်လေသည်။စိတ်နဲ့ လူနဲ့ ပြန်ကပ်လာချိန်၌ ဘေးပတ်ဝန်းကျင်တွင် အာကာသယာဉ်ပျံ အသေးအကြီး မျိုးစုံ ရှိနေသောနေရာသို့ ရောက်ရှိနေပေပြီ။
"ဒါက ဘယ်နေရာလဲ ငါ အိမ်မက်မက်နေတာလား ငါက အိမ်မက်ယောင်ပြီး လမ်းထလျှောက်တဲ့ အကျင့်ရှိနေတာလား ..."
"စကြာဝဠာကြီးရဲ့ အဆုံး အသူရာ ချောက်နက် ..."
"ဘာဖြစ်တယ်..."
သူပြောလိုက်မှဖြင့် ငါနားမလည်တဲ့ စကားတွေကြီးပဲ...
"ဒီနေရာက စကြာဝဠာကြီးရဲ့ အဆုံးသတ်ပဲ ...ဆက်သွားမယ်ဆိုရင် အဆုံးမရှိတဲ့ ချောက်ကြီးထဲကို ပြုတ်ကျသွားလိမ့်မယ်..."
မူရွှမ် ထပ်ရှင်းပြလိုက်သည်။
"အဲ့ဒါဆိုရင် ကျွန်မတို့က ဒီကို ဘာလာလုပ်ကြတာလဲ..."
မူရွှမ် ယောင်စစ်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ ခေါင်းလေးကို အသာပွတ်ပေးလိုက်သည်။
"မင်းရဲ့ အစွမ်းက တမူထူးခြားနေတယ် ပြီးတော့ သေသေချာချာလည်း မထိန်းချုပ်နိုင်သေးဘူးလို့လေ...ဒါကြောင့် လေ့ကျင့်လို့ရအောင် ဒီကိုခေါ်လာတာ..."
"ကျွန်မ လေ့ကျင့်ဖို့လိုတာနဲ့ စကြာဝဠာ အဆုံးထဲက ဘယ်လိုပတ်သတ်လို့လဲ ..."
"လေ့ကျင့်ဖ်ို့ အကောင်းဆုံးနေရာက တကယ့် စစ်မြေပြင်ပဲလေ မဟုတ်ဘူးလား..."
"ဘာ တကယ့်စစ်မြေပြင် ဟုတ်လား ..."
ယောင်စစ် ကြောင်အသွား၏ ဘေးပတ်လည်မှ ယာဉ်ပျံများကိုကြည့်၍ တံတွေးတစ်ချက်မျိုချလိုက်မိသည်။