Chapter 186
သွေးစုပ်ဖုတ်ကောင်မင်းသား" နောက်ဆုံးတော့ ပွင့်သွားပြီ ..."
လင်းလုံ သက်ပြင်းချလိုက်သည်။မူရွှမ်လက်ကို ပြန်ရုတ်လိုက်ပြီး မောပန်းနေသော်လည်း ပုံမှန်ကဲ့သို့ မျက်နှာသေရုပ်နှင့်ပင်။
" မူရွှမ် အဆင်ပြေရဲ့လား ..."
ယောင်စစ် အမောတကောဖြင့် မူရွှမ့်ဆီ ပြေးသွားပြီး ထူပေးလိုက်သည်။" အင်း ..."
မူရွှမ် သူမကို ပွေ့ဖက်ပြီး ပြန်ဖြေလိုက်သည်။ သူ မောပန်းလွန်းသဖြင့် သူမကို မှီထားမိပြီး အသက်ပြင်းပြင်း ရှုနေရသည်။" ကိုယ် အဆင်ပြေပါတယ် ..."
သူမ မူရွှမ်ကို တင်းတင်းဖက်ထားလိုက်သည်။
" ရှောင်ယု အိမ်ပြန်ရအောင် ..."
လင်းလုံက သူတို့နှစ်ယောက်၏ သဲသဲလှုပ်ဖြစ်နေသည့် အပြုအမူများကို စိတ်မဝင်စားပေ။ လျန်ယုကိုချီလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဝင်ပေါက်ဆီသို့ ဦးတည်သွားသည်။" ရှင် ဘာလုပ်တာလဲ ..."
လျန်ယု မတုံ့ပြန်နိုင်မီမှာပင် ဝင်ပေါက်ထဲသို့ လမ်းတစ်ဝက်ခန့် ရောက်နှင့်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံး အံအားသင့်ပြီး ရှက်နေကြသည်။ သူ၏လက်မောင်းများကို တွန်းဖယ်ကာ ပြောလိုက်သည်။" ကျွန်မဘာသာလျှောက်တတ်တယ် အောက်ချပေး ..."
" အင်းပါ အင်းပါ ကိုယ့်ရဲ့ရှောင်ယုလေး ..."
လင်းလုံ တောက်ပစွာ ပြုံးလိုက်သည်။ သူ၏ပါးစပ်မှ သဘောတူလိုက်သော်လည်း လက်များက သူမကို ဖက်ထားဆဲဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ တစ်ကမ္ဘာလုံးကို ရယူထားနိုင်သကဲ့သို့ ကျေနပ်အားရနေသည့်ပုံပင်။ယောင်စစ် သူတို့ ဘေးနားတစ်ဝိုက်တွင် ပန်းနုရောင် အသဲပုံပူဖောင်းများကိုပင် တွေ့လုနီးပါးဖြစ်သည်။ သူတို့၏ ရန်ဖြစ်မှုများသည် ရှေ့နောက်ဆန်စွာ သဟဇာတဖြစ်ပုံရပြီး စကားလုံးတစ်လုံးသည် သူမ၏ စိတ်ထဲတွင် ပျံ့လွင့်သွားသည် - တားမြစ်ထားတဲ့ချစ်ခြင်း ...
ဘယ်တော့မှ ပြန်မလာနဲ့တော့ ဟမ့် ...
သူမ၏ ကလေးထိန်းအဖေကြီးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။