ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

563 49 0
                                    

Chapter 7
မျိုးသုဉ်းလုနီးပါးအန္တရာယ်ဖြစ်သွားခဲ့သောမျိုးစိတ်

လုရန်သူ၏ အလုပ်အကိုင်အဆုံးသတ်သွားပြီဟုခံစားလိုက်ရသည်။ မဟုတ်ဘူး.. ပိုဆိုးသွားရင် သူ့ဘဝတစ်ခုလုံးတောင်အဆုံးသတ်သွားနိုင်တယ်...

သူသွေးစုပ်ဖုတ်ကောင်တစ်ကောင်ကိုစော်ကားမော်ကားလုပ်လိုက်မိသည်။  အစောအပိုင်းအဆင့်မွေးကာစသွေးစုပ်ဖုတ်ကောင်တစ်ကောင်ကို စော်ကားမော်ကားပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သွေးစုပ်ဖုတ်ကောင်တွေဆိုတာ ဘယ်လိုမျိုးနွယ်စုမလို့လဲ... သူတို့က သမိုင်းဦးမတိုင်ခင်ခေတ် ကတည်းကတည်ရှိနေတဲ့မျိုးနွယ်စုလေ... စကြဝဠာပြည်ထောင်စုကြီးက မရေမတွက်နိုင်အောင် ပြိုကွဲသွားလိုက် ပြန်စည်းလုံးသွားလိုက်ဖြစ်ပြီး မျိုးနွယ်စုတိုင်းက တန်ခိုးထွားလာလိုက် မျိုးသုဉ်းသွားလိုက်ဖြစ်နေပေမယ့် သွေးစုပ်ဖုတ်ကောင်တွေကတော့ အမြဲ တိုးတက်ကြီးပွားနေပြီး ရှင်ကျန်ရစ်နေတဲ့မျိုးနွယ်စုဖြစ်နေတာ...

စကြဝဠာတစ်ခုလုံးက သူတို့ဘယ်တော့မှသွားမရှုပ်သင့်တဲ့မျိုးနွယ်စုက ထိုမသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တစ်အုပ်တမကြီးဆိုတာကိုသိကြတယ်လေ...

သူတို့ကိုကြောက်ကြတာက သူတို့ရဲ့ ကြံ့ခိုင်လှတဲ့ ခန္ဓာကိုယ်တွေကြောင့်မဟုတ်သလို သဘာဝကိုဆန့်ကျင်နေတဲ့ပြန်လည်ကုသနိုင်စွမ်းကြောင့်လည်းမဟုတ်ဘူး... သူတို့ရဲ့မျိုးနွယ်တိုင်းနိုးထနိုင်တဲ့ မတူညီတဲ့ အထူးစွမ်းရည်တွေကြောင့်လည်းမဟုတ်ပြန်ဘူး... သူတို့မျိုးနွယ်ရဲ့ လောကကြီးတစ်ခုလုံးမှာ ဘယ်သောအခါမှရှိမလာသင့်တဲ့ "မသေမျိုး"ဆိုတဲ့ စွမ်းရည်ကြောင့်ပဲ...

ဟုတ်တယ် သူတို့ကမသေနိုင်ဘူး... သူတို့တွေက ဘယ်လိုတွေကွမ်တမ်နိယာမနဲ့ဆန့်ကျင်ပြီး အပိုင်းပိုင်းအစစအပစ်ခံရတဲ့အထိ ပြင်းပြင်းထန်ထန်ဒဏ်ရာရရင်တောင် မြေကြီးထဲအမြှုပ်ခံရပြီး ရေထဲမှာစိမ်ထားရင်တောင်မှ သူတို့ကမသေနိုင်ဘူး... ဒီလိုမျိုးနွယ်က စကြဝဠာထဲမှာ ကွန်ပျူတာက အဖျက်ကောင်တွေလိုတည်ရှိမှုတွေဖြစ်နေတော့တာပဲ...

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးDonde viven las historias. Descúbrelo ahora