Chapter 10
နိုးထလာတဲ့ ငပျော့လေးတစ်ယောက်"ဦးဦး...ယန်"
ယောင်စစ်တွင် သံသများရှိနေဆဲပင်ဖြစ်သည်။
"အပြာရောင်ဂြိုလ်ပေါ်ကလူတွေမျိုးသုဉ်းသွားတယ်လို့ ရှင်ပြောခဲ့တယ်မလား... ကျန်နေသေးတဲ့သူတွေအကုန်လုံးသွေးစုပ်ဖုတ်ကောင်တွေအဖြစ်ပြောင်းသွားပြီဆိုရင် ... ရှင်တို့မှာ ဘယ်လိုလုပ် မွေးကာစသွေးစုပ်ဖုတ်ကောင်တွေရှိနေသေးရတာလဲ..."
အပြာရောင်ဂြိုလ်ပေါ်ရှိလူများကသာ သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲနိုင်ပါက လက်တွေ့တွင်အဓိပ္ပါယ်မရှိတော့ချေ။"ကောင်းလိုက်တဲ့မေးခွန်း..."
ယန်ရွှမ် စိတ်ကျေနပ်သွားပြီးသူမကို ချီးမွမ်းလာသည်။
"ဒီပြဿနာကိုတောင် သတိပြုမိတယ်ဆိုတော့... ဦးဦးရဲ့ကလေးလေးက အရမ်းဉာဏ်ကောင်းတာပဲ..."“…”
သူ့လက်ပေါ်ရှိ ပုံရိပ်ယောင်ကွန်ပျူတာမှထုတ်ပေးသော ဖတ်စာအုပ်ကိုနှိပ်လိုက်ပြီး ဆက်ရှင်းပြဖို့ ပစ္စည်းကိရိယာအချို့ကိုထုတ်လိုက်သည်။
"ငါတို့သွေးစုပ်ဖုတ်ကောင်တွေက မျိုးမပွားနိုင်ကြသလို သွေးစုပ်ဖုတ်ကောင်တိုင်းကလည်းလူတစ်ယောက်ကိုပဲ သူ့မျိုးဆက်အဖြစ်ပြောင်းနိုင်တယ်...."
သူ လေးနက်သောမျက်နှာထားဖြင့်ဆက်ပြောလိုက်သည်။
"ဒါကြောင့် သွေးစုပ်ဖုတ်ကောင်တွေရဲ့ ပထမဆုံးကိုက်တာက တစ်သက်မှာတစ်ကြိမ်ပဲရှိတာမလို့ အရမ်းအရမ်းကိုအရေးကြီးတယ်... အပြာရောင်ဂြိုလ်ပေါ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာပျက်ကပ်အခြေအနေကလွဲလို့ အရေးပေါ်မဟုတ်တဲ့ မလိုအပ်တဲ့အခြေအနေတွေက လွဲရင် တွေ့ရာလူကိုမကိုက်ကြပါဘူး.... ဘာလို့လဲဆိုတော့ သွေးစုပ်ဖုတ်ကောင်တွေရဲ့လူဦးရေက မျိုးဆက်တစ်ခုမှာ အယောက်သုံးထောင်ဝန်းကျင်နဲ့တစ်သမတ်တည်းထားလေ့ရှိတာမလို့ပဲ.... အဲ့တာကြောင့်ပဲငါတို့ကို တတိယမျိုးစိတ်တွေလို့ခေါ်ကြတာ..."တတိယမျိုးစိတ်... ဒေါက်တာဝမ်နဲ့အခြားသူတွေက ကမ္ဘာကိုတတိယဂြိုလ်လို့ခေါ်တာ အဲ့တာကြောင့်ကိုး.....
"အပြာရောင်ဂြိုလ်ပေါ်ကလူတွေကမရှိတော့ဘူးဆိုပေမယ့်လည်း...."
ယန်ရွှမ် သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။
"အခုခေတ် မျိုးရိုးဗီဇနည်းပညာနဲ့ဆိုရင် အပြာရောင်ဂြိုလ်ပေါ်ကလူတွေရဲ့ မျိုးရိုးဗီဇကိုရှာတွေ့တာနဲ့ ပုံတူပွားလိုက်လို့ရတယ်လေ..."