Chapter 56
စိတ်ဖတ်စွမ်းရည်၏ပြောင်းပြန်ယောင်စစ် အတော်ကြာအားထုတ်ပြီးမှ ထိုတစ်ယောက်ကိုဆွဲထုတ်လိုက်နိုင်သည်။
သူတို့အပြင်၌ အတော်ကြာအောင် အနားယူလိုက်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေပြီး ဘယ်နေရာသို့ဦးတည်နေသည်မသိပေ။
ထို့ကြောင့်ယောင်စစ် တံခါးဝသို့ဦးတည်လိုက်သည်။
ဆွဲထုတ်ခံလိုက်ရသောတစ်ယောက်က ယခုထိသူတင်ပါးကိုပွတ်နေတုန်းဖြစ်သည်။
"ပိုင်ရိ... မြန်မြန်လုပ် ..."
သူမ ပိုင်ရိကို မြန်မြန်လောလိုက်သည်။
"အဲ့ဒါ နင်အမှားပဲလေ..."
သူက ယောင်စစ်ကို စူးစူးဝါးဝါး ကြည့်လာပြီးနောက်သူ၏ မျက်နှာကိုလက်နှစ်ဖက်ဖြင့်ပွတ်သပ်လိုက်သည်။
"နင့်ကြောင့်သာမဟုတ်ရင် ငါဒီလိုအခြေနေဖြစ်ပါ့မလား..."
" ငါကနင်ကိုကူညီလိုက်တာလေ...မဟုတ်ဘူးလား..."
ပြီးတော့ ပြောရမယ်ဆိုလျှင် သွေးစုပ်ဖုတ်ကောင်တစ်ယောက်အနေနဲ့ဒီလိုမျိုးယောင်ကိုင်းတာကတော့ ဆယ်မိနစ်တောင်မကြာဘူး ပျောက်သွားမှာလေ ဘာတွေလာပြီး မယ်နုလုပ်နေတာလဲ...
"ဒါကို ကူညီတယ်လို့ပြောသေးတယ်လား...
ငါ့ကို ငတုံးများမှတ်နေလား..."ပိုင်ရိ ဒေါသတကြီးဖြင့်ထအော်လာလေသည်။
"အဲဒီ့ ကိစ္စသေးသေးလေးတွေကို ရေးကြီးခွင်ကျယ်လုပ်မနေနဲ့တော့ အခုအရေးကြီးတဲ့ကိစ္စကိုပဲ အာရုံစိုက် ဘယ်သူမှမရှိတုန်း ငါတို့အပြင်ထွက်ရအောင်..."
" နင် ဒီသဘောင်္တည်ဆောက်ပုံနဲ့ရင်းနှီးတယ် ဟုတ်တယ်မှတ်လား...ပြီးတော့ နင်က အထက်တန်းကျောင်းသားဆိုတော့ ပိုပြီးတော့ အသိဉာဏ်ကြွယ်တယ်လေ...ဟုတ်တယ်မှတ်လား...ငါနင်ကိုယုံကြည်လိုက်တော့မယ်..."
"ဒါပေါ့..."
ပိုင်ရိ၏မျက်နှာက တောက်ပသွားခါ ဝင့်ကြွားဟန်ဖြင့်မေးငေါ့လိုက်သည်။
သူ တံခါးက တစ်စုံတစ်ခုကိုထိလိုက်သည်နှင့် မျက်နှာပြင်တစ်ခုထွက်ပေါ်လာလေသည်။ထိုမျက်နှာပြင်ပေါ်၌ အနီရောင် ပန်းများပြည့်နေသည်။ပိုင်ရိက သူ၏ကွန်ပျူတာလက်ပတ်ကိုထိုနားကပ်လိုက်သည်နှင့် အနက်ရောင်မျက်နှာပြင်က ကုဒ်အတန်းလိုက်ရှိနေသော မျက်နှာပြင်အဖြစ်သို့ပြောင်းလဲသွားလေသည်။