ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

503 40 0
                                    

Chapter 34
ကြေငြာခွေးများ

အရှင်မင်းကြီးက သူမကိုတောင်တန်းတွေဆီခေါ်ဆောင်သွားပေး ... အာ ဖတ်ဖတ်...

သူကယောင်စစ်ကို ထာဝရအလင်းဂြိုလ်ဆီသို့ခေါ်ဆောင်သွားပေးမည်ဖြစ်သည်။

ယောင်စစ်တစ်ယောက် မူရွှမ်မကြာသေးမီကပေးခဲ့သော  < စကြာဝဠာဗဟုသုတစွယ်စုံကျမ်း >မှတစ်ဆင့်သိရှိခံရသည်များအရ  ဤစကြဝဠာတွင် အဖွံဖြိုးဆုံးဂြိုလ်ကြီးသုံးခု ဆက်သွယ်၍ မဟာမိတ်အဖြစ်ပေါင်းစည်းထားသည်။ ယခင်က ကမ္ဘာဂြိုလ်ပေါ်ရှိ နိုင်ငံကြီးများ ပြုလုပ်ခဲ့ကြသကဲ့သို့ပင်ဖြစ်သည်။

ထာဝရအလင်း ဂြိုလ်သည် အနီရောင်ဂြိုလ်မှ အနည်းဆုံး အလင်းနှစ်သုံးထောင်ခန့်ကွာဝေးလေသည်။ သို့သော် ပို၍ကွာဝေးသော အခြားဂြိုလ်များနှင့်ယှဥ်လျင် ဤသည်က အနီးဆုံး အဓိကဂြိုလ်ကြီးတစ်ခုဟုပြော၍ရလေသည်။

ယောင်စစ် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အိပ်ယာဝင်ခဲ့ပြီး နောက်တစ်နေ့မနက်စောစောတွင် နိုးထလာခဲ့သည်။သူမက ယခင်တစ်ခေါက်ကကဲ့သို့ ဓားတစ်ချောင်းပေါ်တွင်လိုက်ပါစီးနင်းရမည်လော သို့မဟုတ် အပြာရောင်ဂြိုလ်က တောသူလေးတစ်ယောက်ကဲ့သို့ ယာဥ်ပျံပေါ်တွင်ထိုင်ရမည်လော အလွန်တရာသိချင်နေခဲ့သည်။

မူရွမ် တံခါးဝတွင်ရပ်နေကာ သူမအားအပြင်ဘက်မှလက်လှမ်းပြလာသည်။

" သွားစို့..."

" ဟုတ်..."

ယောင်စစ် သူ့နောက်မှ အလျင်အမြန်လိုက်ပါလာခဲ့သည်။

မူရွှမ် သူမ၏လက်အားကိုင်ဆွဲ၍တံခါးအပြင်သို့ခြေလှမ်းလိုက်သည်။တံခါးဝကိုဖြတ်ကျော်လိုက်သည်နှင့် စူးရှတောက်ပသော မျက်စိကျိန်းဖွယ်နေရောင်ခြည်က  သူမတို့အပေါ်ကျဆင်းလာလေသည်။ ဤသို့ အရှိန်ပြင်းပြင်းနေရောင်ခြည်ဆိုသည်မှာ အနီရောင်ဂြိုလ်တွင် ရှားပါးသောဖြစ်ရပ်တစ်ခုဖြစ်သည်။

အပြင်ထွက်ဖို့ နေ့ကောင်းလေးတစ်နေ့မဟုတ်လား...

" ငါတို့ရောက်ပြီ..."

မူရွမ်ရုတ်တရက်ဆိုလာသည်။

" ဘာကြီး..."

ယောင်စစ် ကြောင်အသွားသည်။
မူရွမ်ဘာပြောလိုက်တာ...

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးDonde viven las historias. Descúbrelo ahora