ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

225 20 0
                                    

Chapter 183
စကားပြောရအောင်

ပြန်ပေးဆွဲရန်ကြိုးပမ်းမှုများ အကြိမ်ပေါင်းများစွာ ကျရှုံးပြီးနောက်တွင်လည်း လျန်ယုက လက်မလျှော့ပဲ ပို၍ ပြင်းပြင်းထန်ထန် လုပ်လာသည်။ ယောင်စစ်၏ အိပ်ခန်းထဲဝင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားတော့သည်။  တစ်ခါတစ်ရံ ထမင်းစားခန်းနှင့် သန့်စင်ခန်းထဲအထိပင် ...

ယောင်စစ် အမြဲတမ်း သတိထားနေရသည်။ ထိုသို့အဆက်မပြတ် နောက်ကလိုက်နေသောကြောင့် မူရွှမ်နှင့်ယောင်စစ်တို့ စိတ်ဓာတ်များထုံထိုင်းလာသကဲ့သို့ပင် ခံစားရသည်။ ထိုသို့ အခံစားရဆုံးက လင်းလုံဖြစ်သည်။ သူက လျန်ယုလုပ်သမျှ ကိစ္စတိုင်းကို ဘာမှဝင်မပြောသည့်အပြင် ထောက်ခံပေးနေသည်။ မူရွှမ်၏ ရိုက်နှက်မှုကို အကြိမ်တိုင်းခံနေရသော်လည်း ညည်းညူမှု မရှိပေ။

လူများက အခြားလူဆီမှ အဖောက်ပြန်ခံရသည်ကိုသာ ကြားဖူးပြီး ကိုယ်တိုင်က ဖောက်ပြန်ရန် လိုက်လံဆောင်ရွက်ပေးနေသည်ကို ယောင်စစ် မကြားဖူးပေ။

သူ ရူးနေတာလား ...

သို့သော် လင်းလုံတွင် တရားနည်းလမ်းကျသည့် တုံ့ပြန်မှုရှိသည်။
" တကယ်လို့ မင်းအချိန်အကြာကြီး ရှာဖွေခဲ့ရတဲ့ တစ်ယောက်ယောက်ကိုရှာတွေ့ရင် သူတို့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်နိုင်မှာလား ...ငါကတော့ သူမကို တတ်နိုင်သမျှနည်းလမ်းတွေနဲ့ အလိုလိုက်မှာပဲ ..."

သူပြောသည်မှာ ကျိုးကြောင်းဆီလျော်သဖြင့် ယောင်စစ် ဘာမှပြန်မပြောနိုင်ပေ။ သူမနှင့် မူရွှမ်တို့၏ အပြန်အလှန် တုံ့ပြန်မှုများကို တွေးမိလာသည်။ လင်းလုံက သူ၏စာချုပ်ချုပ်ဆိုသူကို အလိုလိုက်သကဲ့သို့ မူရွှမ်က အလွန်အကြူးမလုပ်သော်လည်း သူမ၏တောင်းဆိုချက်များက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေလျှင်ပင် သူ မငြင်းပယ်ခဲ့ပေ။

လင်းလုံ၏ ပြဿနာကို အမြစ်မှစ၍ ရှင်းလင်းရမည်သာ ဖြစ်သည်။

" အချစ်ဆုံးလေး ဒီနေ့ရော ငါ့ကိုလက်ထပ်ဖို့ အတွေးရှိလား ..."
လျန်ယုက အာကာသဝင်ပေါက်မှ မထွက်ခွာမီ ပြုံး၍ မေးလိုက်သည်။
" မရှိဘူး ..."

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးNơi câu chuyện tồn tại. Hãy khám phá bây giờ