Chapter 146
ချစ်လှစွာသော စစ်သည်တော် မင်းမှာ ကိုယ်ဝန်ရှိနေပြီ"မ..မဖြစ်နိုင်တာ..."
ဖုန်းရှောင်၏ မျက်လုံးများက မယုံနိုင်ဟန် ပြူးကျယ်လာသည်။ သူ သူတို့ကို ခဏမျှကြောင်ငေး၍ ကြည့်ပြီး မူရွှမ်ကို အံ့အားတကြီးကြည့်လိုက်သည်။
"မင်းမှာ အစွမ်းရှိတယ်....."သူမျက်နှာ ရှုံ့မဲ့သွားသည်။ သူထွက်ပြေးနိုင်ရန် ရုန်းကန်လိုက်သော်လည်း ထိုသို့မလုပ်နိုင်မီ မူရွှမ်၏ စိတ်စွမ်းအင်ကြောင့် အားဖြင့် ဖိချခံလိုက်ရသည်။
သူ ဖြူဖျော့သွားပြီး ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း ခေါင်းမာမာဖြင့် အော်နေဆဲဖြစ်သည်။
"မောက်မာနေဖို့ စောလွန်းပါသေးတယ်... နယ်မြေ၃မှာ ရှိတဲ့ သားရဲပေါင်း ရာကျော်က မင်းတို့ကို အလွှတ်ပေးမှာမဟုတ်ဘူး...."သူ့စကားမဆုံးမီ မူရွှမ်က နောက်ထပ် ပေါ်တယ်တစ်ခု ဖွင့်လိုက်သည်။ ၎င်းက ပထမတစ်ခေါက်ထပ် လေး ငါးဆမျှကြီးမားသည်။ ချက်ချင်းပင် လူတစ်အုပ်က ဂျုံလုံးလေးများလို လိမ့်ကျလာပြီး အကုန်လုံးက သားရဲများဖြစ်ကြသည်။
အခန်းထဲတွင် လူပြည့်သွားသောအခါ မူရွှမ် ဖုန်းရှောင်ဘက် ဖြေးဖြေးချင်းလှည့်၍ မေးလိုက်သည်။
"ထပ်ရှိသေးလား....""..." လူတိုင်း
"..." တောင့်ခဲနေသော ဖုန်းရှောင်
ယောင်စစ် သူ၏ ကလေးထိန်းဖေဖေကို တိတ်တဆိတ်ချီးကျူးလိုက်သည်။ သူ၏ နည်းလမ်းများက လုံးဝကို မိုက်နေလေသည်။ သားရဲတစ်အုပ်က အခြေအနေကို ဉာဏ်မမီသေးသည်အလား ကြောင်စီစီဖြစ်နေကြသည်။
╮(╯﹏╰)╭
ဖုန်းရှောင်က ရေငုံနှုတ်ပိတ်နေနေရန် လုပ်နေသော်လည်း မူရွှမ်က သူ့ကို ဘာဆိုဘာမှ မမေးပေ။ ယင်းအစား ထိန်းချုပ်စားပွဲကိုသွား၍ ကီးဘုတ်ပေါ်တွင် သူ့လက်ချောင်းများ ပျံသန်းနေဟန် နှိပ်နေလိုက်သည်။ ငါးမိနစ်ကြာသောအခါ ၎င်းကို ပြန်ပိတ်လိုက်ပြီး ယောင်စစ်ဘက်လှည့်ကာ သူမ၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
"စစ်စစ် လုံခြုံရေးစနစ် ပြန်ရသွားပြီ..."