Chapter 109
ယွမ်ဟန်၏ သဲလွန်စ"ဒါဆိုရင် ရှင် ကျွန်မနဲ့တွေ့တုန်းကဘယ်လိုမျိုးခံစားရတာလဲ..."
မူရွှမ်ငြိမ်သက်သွားသည်။သူ့ရင်ထဲမီးတောက်လောင်လာသလိုမျိုး အပူရှိန်များမြင့်တက်လာသလိုမျိုးခံစားလိုက်ရသည်။
"ဘာလို့မေးတာလဲ..."
"ကျွန်မသိချင်လို့ပါ..."
သူမ ထိုသွေးနှောင်ကြိုးဆိုသည်က ဘာကိုဆိုလိုမှန်းနားမလည်နိုင်ပေ။သူမအရင်ကလည်းမခံစားခဲ့ဘူးပေ။
"ကျွန်မသိချင်လို့ပါ...ပြောပြပေးနိုင်မလားဟင်..."
သူမက သူ့လက်ကိုဖမ်းဆွဲလိုက်ပြီး တည်တည် ငြိမ်ငြိမ် ဖြင့်မေးလိုက်သည်။
"ဒါက..."
မူရွှမ်၏လည်ပင်းများရဲရဲနီလာသည်။
ကလေးလေးကသူဘာမေးနေတယ်ဆိုတာကို သိရဲ့လား.... ဒါကသွေးစုပ်ဖုတ်ကောင်တွေမှာဆိုရင် ဘယ်လောက်ချစ် လဲလို့မေးနေတာနဲ့တူတယ်လေ.....
နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေထိုင်ခဲ့ပြီးချိန်းတွေ့သည့် အတွေ့အကြုံမရှိသော "FA"လေးတစ်ယောက်အနေဖြင့် မူရွှမ် အနည်းငယ် ရှုပ်ထွေးမိသွားသည်။ဒီလိုရင်းနှီးကျွမ်းဝင်မှု့ကိုမေးမြန်းသည့်မေးခွန်းကို သူဘယ်လိုလုပ်ပြန်ဖြေရမလဲ။ဒါကြောင့်သူထွက်ပြေးရန်ကြိုးစားလိုက်သည်။
"အဟမ်း...အဲ့ဒါကမင်း ငယ်ရွယ်တဲ့အချိန်မဟုတ်တော့တဲ့အခါကြရင်သိလာမှာပါ..."
သူ့၏မျက်နှာနှင့်လည်ပင်းများနီမြန်းနေမှုကိုလျှစ်လျူရှူလိုက်ပြီးအေးစက်သောအမူအရာဖြင့်ပြောလိုက်သည်။
"ငါအခုတော့... နည်းနည်းပင်ပန်းနေပြီဆိုတော့ သွားအနားယူလိုက်ဦးမယ်..."
"မူရွှမ်..."
"ဒီကိစ္စတွေကိုမနက်ဖြန်မှဆက်ပြောလည်းရတယ်..."
မူရွှမ်က ပင်ကို အေးစက်သောအမူအရာဖြင့်တည်ငြိမ်စွာလှည့်ထွက်သွားလိုက်သည်။သို့သော် သူ့၏ဦးတည်ရာကမှားနေလေသည်။
"အဲ့ဒါကအိမ်သာဖက်..."
သူအနားယူမယ်လို့ပြောတာမဟုတ်ဘူးလား။