Chapter 59
ကျူးကျော်သူတွေရှိတယ်"မင်း ဘာလုပ်တာလဲ..."
ထိုသူက ယောင်စစ်ကို သံသယအပြည့်ဖြင့်လှည်ကြည့်လာသည်။"ဟီးဟီး...နင့်ရဲ့ အင်္ကျီကော်လာပေါ်မှာ ပိုးကောင်ကပ်နေတယ်လို့ပြောရင် နင်ယုံမှာလားဟင်..."
" တကယ်လား..."
ထိုသူက ထခုန်လိုက်ပြီး သူ၏အင်္ကျီကော်လာကို အကြမ်းအတမ်း လှုပ်ခါလိုက်သည်။
"ငါပိုးကောင်တွေကို တစ်အားမုန်းတယ် မြန်မြန် လေးကြည့်ပေးပါဦး ထွက်သွားပြီလား..."
သောက်ကျိုးနည်း... သူကတစ်ကယ်ကြီးယုံတယ်ဟ...
"အဲ့တာ...အဲ့တာ ထွက်သွားပါပြီ..."
"သွားပြီး...သွားပြီ ပြုတ်ကျသွားပါပြီ..."
"တော်သေးတာပေါ့..."
ထိုသူက စိတ်သက်သာရာရစွာသက်ပျင်းချလိုက်သော်လည်း မျက်နှာကရှုံတွနေသေးသည်။ သူ၏ အင်္ကျီကော်လာကို နောက်တစ်ကြိမ်ပင်ထပ်ခါလိုက်သေးသည်။
"ကောင်းပြီ မင်းရဲ့ ယူနီဖောင်းကို ကြည့်ရတာကတော့ မင်းက အပေါ်ထပ်ကအစောင့်ပဲဖြစ်ရမယ်...အခုဒီကိုဘာလာလုပ်တာလဲ... သတင်းအချက်အလက်တွေလာပေးတာလား..."
ယောင်စစ် အစောင့်ယူနီဖောင်း ပြောင်းဝတ်ထားသည်ကိုယခုမှ အမှတ်ရသွားသည်။
"ဟုတ်တယ်...ဟုတ်တယ်..."
သူမ ကြက်အစာကောက်သလိုမျိုး ခေါင်းညိမ့်ပြလိုက်၏။
"ဒါဆိုရင် မင်းတို့ကဘာလို့ ပင်မထိန်းချုပ်ခန်းထဲကို ရောက်နေတာလဲ...ဒီမြေအောက် ငါးလွှာက သုတေသီတွေကိုပဲ ဝင်ခွင့်ပြုထားတယ်ဆိုတာကို မသိကြဘူးလား..."
ထို့နောက် သူက မျက်မှောင်ကြုတ်၍ ထပ်ပြောလိုက်သည်။
"မင်းတို့လမ်းပျောက်သွားတာလား... ဒါကြောင့်မို့ဒီကိုရောက်လာတာလား..."
ယောင်စစ် ပိုင်ရိ ကိုတစ်ချက်လှမ်းကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"ငါသိသားပဲ ..."
ထိုသူက သံသယများကင်းရှင်းသွားပုံပေါ်လေသည်။