Chapter 60
သုတေသနအခြေစိုက်စခန်း တည်ရှိနေရသည့် အကြောင်းအရင်းသူတို့သုံးယောက်ကို မိသွားဟန်ပေါ်ပြီး အချက်ပေးစနစ်က အဆက်မပြတ်မြည်လာပြီး လျှောက်လမ်းတစ်လျှောက် အလျှင်အမြန်လျှောက်လာသော ခြေလှမ်းများကို ကြားလိုက်ရသည်။ တုံ့ဆိုင်းမှုမရှိပဲ လက်နက်မျိုးစုံ စီရီထားသော ကျဉ်းမြောင်းသည့်နေရာထဲတွင် ပုန်းအောင်းနေသည့် သူတို့သုံးယောက်လုံးကို လေဆာနှင့် ချိန်လိုက်ကြသည်။
"ဥက္ကဋ္ဌ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ..."
ပိုင်ရိ ယောင်စစ်ဆီ အလိုအလျောက်ကြည့်မိသွားသည်။ယောင်စစ်၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။
သူတို့ လက်မြှောက်ရုံပဲ လုပ်နိုင်တော့တာမဟုတ်ဘူးလား...သူတို့ ဆုံးဖြတ်ချက်ချသည်ကို မစောင့်ပဲ အစောင့်ခေါင်းဆောင်က သူ့လက်ကိုရှေ့ကို ညွှန်ပြလိုက်သည်။
"ကျူးကျော်သူတွေကို ဖမ်းလိုက်ကြစမ်း..."ခဏအကြာတွင် ယောင်စစ်ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူမ၏အမြင်အာရုံကို ဖုံးကွယ်သွားသည်။ အစောင့်များက ၎င်းတို့၏ လက်နက်များကို အသက်သွင်းနေကြပြီဖြစ်သည်။
ဟေး... ဘာလို့စိတ်မရှည်ဖြစ်နေရတာလဲ... ငါတို့မှာ ဓားစာခံရှိနေတယ်လေ..
ထိုသူများ ပစ်ခတ်နေကြစဉ်တွင် ယောင်စစ်တစ်ယောက် နှုတ်ခမ်းသာတင်းတင်းကိုက်ကာ မဖြစ်မနေတိုက်ခိုက်ရတော့မည်ဟု တွေးလိုက်မိသည်။ မည်သို့ပင်ဆိုစေ သူမက မသေမျိုးဖြစ်၍ ကိစ္စမရှိပါချေ။
ခဏအကြာတွင် သူမဘေးမှ အလင်းတန်းတစ် တစ်စုံတစ်ခုပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှုမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အစောင့်များဆီ ပြေးဝင်သွားသည်။ အလင်းတန်းက မရေမတွက်နိုင်အောင် များပြားလှသော အလင်းပျောက်ကလေးများအဖြစ် ပေါက်ကွဲသွားကာ ပင်ကူအိမ်တစ်ခုနှယ် အောက်သို့ပြုတ်ကျလာသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်၌ အသားညှော်နံများ ထွက်ပေါ်သည်ကို ယောင်စစ် အနံ့ခံလိုက်မိသည်။ ထို့အတူ အစောင့်တစ်အုပ်တစ်မကြီးလည်း မြေပြင်ပေါ်တွင် လဲနေကြသည်။
![](https://img.wattpad.com/cover/346223543-288-k852206.jpg)