Chapter 143
သတ္ထုရိုင်းဂြိုလ်ယောင်စစ် အတော်လေး စိတ်ဒဏ်ရာ ရသွားရသည်။ သူမ၏ ရုပ်ရည်သွင်ပြင်ကို မေးခွန်းထုတ်ရင်း နောက်ထပ်သုံးရက်လောက် အသိစိတ်မကပ်ဖြစ်နေခဲ့သည်။ သူမ၏ ဘဲသွေးခဲအပေါ် စားချင်စိတ်များအပေါ်ပင် သက်ရောက်လေသည်။
အဏ္ဏဝါမျိုးစိတ်များနှင့် ဆက်နွယ်မှုမရှိစေရန် ကိုယ့်မာနကိုယ် မြှင့်လိုက်သည်။
သူမက အလှလေးတစ်ယောက်မဟုတ်သော်လည်း ဆိုးဝါးလှသည့်အထဲတွင်မပါပေ။ ထို့အပြင် အလှတရားဆိုသည်မှာ ကြည့်ရှူသည့်သူပေါ်တွင် မူတည်နေသည်။ ရေသူမျိုးနွယ်များက လူသားတစ်ဝက်ဖြစ်၍ သူတို့၏ အလှအပခံစားတတ်မှုကလည်း လူသားများနှင့် တစ်ဝက်မျှတူညီလောက်သည်။ သူတို့၏ ရှုမြင်မှုက သူမယူဆထားသည်နှင့် လုံးဝမတူညီဘဲ လူသားများ၏ ရှုမြင်မှုနှင့် တစ်ဝက်မျှတူညီလောက်သည်။ ထိုသို့သာ ဖြစ်ရပေလိမ့်မည်။
"မူရွှမ်... ကျွန်မလှရဲ့လားဟင်..."
သူမ ဘေးကလူကို လှည့်၍မေးလိုက်သည်။"အင်း... လှတယ်..."
ထိုလူက တုံ့ဆိုင်းတွေဝေမှုမရှိဘဲ ပြန်ဖြေလိုက်သည်။တွေ့လား... စကြဝဠာတစ်ခုလုံးရဲ့ နတ်ဘုရားကိုယ်တိုင်တောင် အတည်ပြုပေးလိုက်ပြီကွ...
╭(╯^╰)╮
သူမ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုလေးကို အောင်အောင်မြင်မြင် ပြန်လည်မြှင့်တင်ပြီးနောင်တွင် ယောင်စစ် သူမ၏ ရုပ်ရည်အပေါ်မေးခွန်း ထိုင်ထုတ်မနေတော့ပဲ သူမကိုယ်သူမ လှပသည်ဟုလှည့်စား၍ ပျော်ရွှင်နေတော့သည်။
ခရီးစဉ်တလျှောက်လုံး လုချန်က သူ၏မိသားစုနောက်ခံအကြောင်း အဆက်မပြတ်ပြောပြခဲ့လေသည်။ သူ၏ပြောပြချက်အရ သူက ယောင်များ၏ အုပ်စုခွဲဖြစ်သည့် လုမိသားစုမှဟုသိရသည်။ သူတို့က သတ္တုရိုင်းဂြိုလ်များစွာ၏ မန်နေဂျာများဖြစ်ကြပြီး အထူးသဖြင့် Tကြယ်စုနှင့် နယ်မြေ၉၅ကို အာရုံစိုက်ကြပေသည်။
မူလက သူက ထိုနေရာကို သတ္တုတူးဖော်ရေး လုပ်ငန်းစဉ်အတွက်သွားခဲ့ပြီး တစ်လက်စတည်း အသစ်လွင်ဆုံးသတ္တုတစ်သုတ်ကို သတ္တုသန့်စင်ရေးစက်ရုံရှိရာ ဂြိုလ်များသို့ ပို့ဆောင်ညွှန်ကြားရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
