Chapter 48
နဂါးငွေ့တန်းကျောင်းတော်ဝင်ခွင့်စာမေးပွဲစကြာဝဠာသားရဲနှင့်တိုက်ပွဲက ယောင်စစ်အား သူမ၏စွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်းမြင့်မားလာစေရန် ကူညီပေးခဲ့သည်။ ယခုဆိုလျှင် စွမ်းအင်လမ်းကြောင်းအနည်းငယ်အား သူမခံစားသိရှိနေနိုင်ပြီဖြစ်၏။
သူမ၏ ရေစွမ်းအင်က ဟော်ချီ၏မီးတောက်စွမ်းရည်သို့ အချိန်ပြည့်ပစ်မှတ်ထားနေရသည့်အကြောင်းပြချက် လည်းရှိသေးသည်။
မူရွှမ်၏ခန့်မှန်းချက်ကမူ သူမ၏စွမ်းရည်သည်ထိရှလွှယ်ကာ အခြားသောစွမ်းရည်များ၏လှုံဆော်မှုရှိမှ နိုးထနိုင်ပြီး နိုးထလာသည်နှင့်တစ်ပြိုင်နက် ဆန့်ကျင်ဘက်စွမ်းရည်အပေါ်ကိုသာ ပြင်းပြသောစွဲအားတို့ဖြင့် ပစ်မှတ်ထားနေနိုင်သည်ဟု ဆိုသည်။
အဆုံးတွင် ဟော်ချီ၏မီးတောက်အား ငြိမ်းသတ်လိုက်နိုင်သည်နှင့် သူမ၏ရေစွမ်းအင်လည်း ပျောက်ကွယ်သွားရသည်သာ။
ဖြေရှင်းရန်နည်းလမ်းက မရှုပ်ထွေးပေ။ သူမ၏လမ်းကြောင်းတွင် သူမကျွမ်းကျင်နေရန်သာလိုအပ်သည်။ သို့သော် ကိုယ်ပိုင်ဆုံးဖြတ်ချက်များရှိနေတတ်သောသူမ၏စွမ်းရည်များက ယောင်စစ်အလွယ်တကူကျွမ်းကျင်ခြယ်လှယ်နိုင်သော စွမ်းရည်မျိုးမဟုတ်ခဲ့ပါချေ။
သူမနောက်တကြိမ် ဂြိုလ်ကြီးကို ဆွဲမမမိဘူးလို့ ဘယ်သူပြောနိုင်မလဲ...
မူရွှမ်က သူမကို အဓိကစွမ်းရည်ငါးမျိုး နှိုးဆွပေးရန် စီစဥ်သည်။ ကံကောင်းထောက်မစွာဖြင့် စကြာဝဠာပင်လယ်ဓားပြများအား နှိမ်နင်းရန်ထွက်ခွာသွားသော သွေးစုပ်ဖုတ်ကောင်များ အပြန်ခရီးကိုစတင်ထွက်ခွာလာကြပြီ ဖြစ်သည်။ ယောင်စစ်က ဤတစ်ကြိမ်တွင် ဧရာမသားရဲများအားတိုက်ခိုက်ရန်မလိုအပ်ဘဲ သူမနှင့်အတူလေ့ကျင့်ရန် မျိုးဆက်ငါးရာကျော်မှ ဂျူနီယာလေးများအားရှာတွေ့ထား၏။
ထိုစဥ် မူရွှမ်ကမူ သူ၏စွမ်းရည်များ ယောင်စစ်အပေါ်သက်ရောက်မှုမရှိစေရန် စိတ်ချအောင်လုပ်သည့်အနေဖြင့် အိမ်ထဲတွင်သာနေရန် တိုက်တွန်းခံရသည်။