ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

370 38 0
                                    

Chapter 80
ဝန်ဆောင်မှုစင်တာဆီသို့ခရီး

" အိုးဟုတ်သား မင်း ဘယ်သွားဦးမှာလဲ အစီအစဥ်လေးများရှိလား..."

သူမတို့ နဝမခရိုင်မှထွက်ခွာလာခဲ့ကြပြီဖြစ်သော်လည်း နဝမခရိုင်နှင့် နီးကပ်နေဆဲဖြစ်၍ အန္တရာယ်ရှိနေသေးသည်ဟု သတ်မှတ်၍ ရသည်။ ထို့ကြောင့် သူမ လမ်းကြုံစီးစရာ တစ်စုံတစ်ခုအားလိုအပ်နေ၏။

" အခုလောလောဆယ်တော့သွားဖို့လိုအပ်တဲ့နေရာရယ်လို့မရှိလို့ ကျွန်တော်အလျင်မလိုပါဘူး..."

သူက ယောင်စစ်အားခေတ္တစိုက်ကြည့်ပြီးနောက် ပေါ့ပါးစွာပြောလာသည်။

" ဒါပေမယ့် ဆန္ဒရှိရင် ကျွန်တော်မပြန်ခင် ခင်ဗျားနေတဲ့နေရာကိုလိုက်ပို့ခဲ့မယ်လေ..."

" ဒါဆိုလဲနင့်ကိုပဲ အနှောင့်အယှက်ပေးရတော့မှာပဲ..."

သူမက ဤကမ်းလှမ်းမှူကို လိုအပ်နေခဲ့သည်ပင်။

" အခမ်းအနားမှာဆက်မနေဘူး သွားစို့..."

" ဟုတ်ကဲ့..."

စီနီယာက ဒဏ်ရာတွေရနေပေမဲ့ ငါစိတ်ပူမှာစိုးလို့ပြောမပြရှာဘူး ... သူမကတကယ်ကိုနှလုံးသားကြီးလိုက်တဲ့လူပဲ...

" စီနီယာ ဘယ်သွားမလဲဗျ..."

" ကြည့်ရအောင် အင်း..."

ယောင်စစ်က သူ၏အတွေးများကို စိုးစဥ်းမျှ မရိပ်မိသည်ဖြစ်ရာ မြေပုံကိုထုတ်၍ ညာဘက်ထောင့်စွန်းနေရာတစ်ခုသို့ညွှန်ပြလိုက်သည်။

" ဒီနေရာ  ငါတို့အခုရောက်နေတဲ့နေရာကနေ ၁၄၅၆ကီလိုမီတာလောက်ဝေးတယ် တစ်နာရီခွဲလောက်သွားရလိမ့်မယ်ထင်တယ်..."

" ဒါက..."

ဇန်ဇီချန်တုံ့ဆိုင်းသွားပြီး သူ၏ဓားကလည်းရပ်တန့်သွား၏။

" ဘာဖြစ်လို့လဲ မင်းအတွက် အဆင်မပြေဘူးလား..."

" မဟုတ်ပါဘူး မဟုတ်ဘူး..."

သူကခေါင်းခါလိုက်သည်။

"  အဆင်မပြေတာမဟုတ်ပါဘူး ကျွန်တော်အစ်မကို ခုချက်ချင်းအဲဒီကိုလိုက်ပို့ပေးပါ့မယ်..."

သူက ရှေ့သို့ဦးတည်ပြီး ဓားပျံကိုအရှိန်မြှင့်လိုက်သည်။ သူ သူမသွားလိုသည့်နေရာသို့အရောက်ပို့ပေးရန်လိုသည် မည်သည့်အခြေအနေမျိုးတွင်ဖြစ်ပါစေ အရောက်ပို့ပေးရပေမည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးDonde viven las historias. Descúbrelo ahora