Chapter 97
ပရိတ်သတ်အကြိုက်"အွန်း...."
ယောင်စစ် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ကျောင်းများအကြားရှိ ပြိုင်ပွဲများဆိုသည်မှာ ရလဒ်ကိုဦးတည်သည်မဟုတ်ဘဲ ကျောင်းသားများ၏ တိုးတက်မှုကိုသာ ဦးတည်ခြင်းဖြစ်သည်။
ယောင်စစ် အခြားသူများဘက် လှည့်လိုက်ပြီး သူတို့က ထိုအကြံကို မကန့်ကွက်ကြကြောင်းသိလိုက်ရသည်။
"ဒါဆို ဒီအတိုင်းပဲသွားကြတာပေါ့..."
သို့သော် သူမအိမ်ပြန်ရန် လုပ်လိုက်ချိန်တွင် မည်သူမှ မလှုပ်ကြကြောင်း သတိထားမိလိုက်သည်။
"ဘာဖြစ်လို့လဲ... ပြောစရာရှိသေးလို့လား...""သခင်မလေး..."
ညီမလော့ယင်းက ပြောလာသည်။
"ကျွန်မတို့ ပြိုင်ပွဲအတွက် ဆုလာဘ်ကို မဆုံးဖြတ်ရသေးဘူး...""ဆုလာဘ်..."
ယောင်စစ် ရပ်တန့်သွားသည်။
"အရင်နှစ်တွေကလို ပေးလိုက်လို့မရဘူးလား...""ဒါက ပထမဆုံးစက်ရုပ်ပြိုင်ပွဲပါ..."
"..."
အာ... ခက်ခဲလိုက်တာ... ဘာဆုပေးရင်ကောင်းမလဲဆိုတာ သူမက ဘယ်လိုလုပ်သိမှာလဲ... ဆုဖလားလား၊ ဆုတံဆိပ်လား ဒါမှမဟုတ် ပိုက်ဆံပေးရမလား..."ဒါ ကျောင်းသားတွေအတွက်လှုံ့ဆော်မှုပေးရုံလေးပါ... ကျောင်းရဲ့ရိုးရာအရ ဥက္ကဋ္ဌက ထူးခြားပြီး အမှတ်တရဖြစ်စေတဲ့ ဆုမျိုးကို ပြင်ဆင်ပေးရမှာပါ..."
ညီမလော့ယင်းက ယောင်စစ်ကို သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
"ဘာပဲပေးပေးရပါတယ် အဲ့တာကို ဆုကြေးငွေနဲ့အတူတွဲပေးမှာပါ.."ငါက ဆုကို ငါ့ဘာသာပဲဆုံးဖြတ်ရမှာလား... တကယ့်ကို ဖြုန်းတီးတဲ့ ဓလေ့ကြီးပဲ...
"ဥက္ကဋ္ဌ ဘာပဲဖြစ်ဖြစ်ရပါတယ်... ဆုကြေးငွေရှိတယ်ဆိုတော့ ဥက္ကဋ္ဌပေးရမဲ့ဆုက တန်ဖိုးအများကြီးမရှိရင်တောင်ရပါတယ်..."
ဌာနမှူး ထပ်ပြောလိုက်သည်။"ဘာပဲဖြစ်ဖြစ်ရတယ်..."
"ဟုတ်ကဲ့ ဥက္ကဋ္ဌပေးသမျှကို လက်ခံကြမှာပါ..."
လူတိုင်း သူမကို စိတ်အားထက်သန်စွာကြည့်လိုက်ပြီး ပရိတ်သတ်မုဒ်အွန်နေကြသည်။ ၎င်းတို့၏ မျက်လုံးများတွင် ရိုးသားမှုတို့ တောက်လောင်နေကြသည်။