ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

269 21 0
                                        

Chapter 175
နောက်ဆုံး စစ်ဆေးရေးဂိတ်

လင်းလုံက သူတို့ကို ကူညီပေးသဖြင့် စစ်ဆေးရေးဂိတ်များကို ကျော်ဖြတ်သွားနိုင်ကြသည်။ ပထမဆုံး စစ်ဆေးရေးဂိတ်သို့ရောက်ရန် ရက်နှစ်ဆယ် ကြာခဲ့သော်လည်း နောက်ထပ် ရှစ်ခုကို တစ်ရက်အတွင်း ရောက်ရှိနိုင်ခဲ့သည်။

[ စစ်ဆေးရေးဂိတ် စုစုပေါင်း အရေအတွက် : ကိုးခု ]

" အရှင်မ ကျွန်တော်တို့ တစ်ခုပဲ ကျန်တော့တယ်နော် ..."
ပိုင်ရိ ပြုံးပျော်နေပြီး လင်းလုံဘက်သို့ လှည့်လိုက်သည်။

" ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး ... ကျွန်တော် စစ်ဆေးရဂိတ် ကိုးခုကို ရောက်ခဲ့တာ ပထမဆုံးအကြိမ်ပဲ ..."

" ဘယ်သူက မင်းရဲ့ အစ်ကိုကြီးလဲ ..."
လင်းလုံ ရွံရှာစွာ နောက်ပြန်ဆုတ်သွားပြီး မထီမဲ့မြင် ပြုလိုက်သည်။

" ဟမ့် အာကာသဝင်ပေါက်တွေပဲ ဖွင့်ပေးတာလေ အဲ့လောက် ပျော်နေစရာ လိုလို့လား ... ငါ ကြွားတာတော့ မဟုတ်ပါဘူး ဒါက လူတွေကို ဂြိုလ်တစ်ခုတည်းပေါ်မှာပဲ နေရာကူးပြောင်းပေးတာလေ  ...  ငါသွားချင်တဲ့ တခြားဘယ်ဂ်ြိုလ်ပေါ်မဆို ဝင်ပေါက်တွေ ဖွင့်နိုင်တယ်  ... မင်းတို့လို မျိုးမစစ်လေးတွေရဲ့ ကျေးဇူးတင်တာကို ငါဂရုစိုက်ရမှာလား ..."

“…”

ဂရုမစိုက်တဲ့ လူတစ်ယောက်အတွက် အဲ့အပြုံးကြီးက တောက်ပမနေလွန်းဘူးလား ... သူ့ရဲ့ စကားတွေက ရက်စက်ပေမယ့် ခန္ဓာကိုယ်ကတော့ ပွင့်လင်းနေလွန်းတယ် ..."

╮(╯▽╰)╭

သူတို့၏ ခရီးစဉ်အတွင်း ပိုင်ရိနှင့် လီကျန်းက လင်းလုံ သူတို့ကို ဘာကြောင့် မျိုးမစစ်ဟု ခေါ်သည်ကို နားမလည်ပေ။ သို့သော် သူတို့က သူ၏မာနထောင်လွှားနည်းများနှင့် သိသာထင်ရှားသော အထင်အမြင်သေးမှုကို ကျင့်သားရလာပုံရပြီး အနည်းငယ်မျှ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ကြပေ။

သူတို့ ကျယ်လောင်စွာ ရယ်လိုက်ကြသည်။
" ဒီဟာ နောက်ဆုံး စစ်ဆေးရေးဂိတ်ပဲ ... အစ်ကိုကြီး ကျွန်တော်တို့ အားကိုးမယ်နော် ကျွန်တော်တို့ ဆက်ခံသူ ရ မရက အစ်ကိုကြီးအပေါ် မူတည်နေတယ် ... "

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးDove le storie prendono vita. Scoprilo ora