Chapter 127
သွေးစုပ်ဖုတ်ကောင်အတုEuphoria ဖြစ်ရပ်ကို လွန်ခဲ့သောနှစ်သန်းပေါင်းများစွာအတွင်းကဖြစ်ပွားခဲ့သည့် ကပ်ဆိုး ဖြစ်ရပ်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ဗိုင်းရပ်စ်ပျံ့နှံမှု့က လူတိုင်းမျှော်လင့်ထားသလောက် မဆိုးရွားခဲ့ပေ။ နောက်ဆုံးတော့ ထိုဗိုင်းရပ်စ်က လေထဲမှတစ်ဆင့်မကူးစက်နိုင်ဘူးပင်ဖြစ်သည်။
သွေးစုပ်ဖုတ်ကောင်များအားလုံး စုပေါင်းကြိုးစားမှုဖြင့် ဗိုင်းရပ်စ်ကိုအမြန်ဆုံးရှင်းလင်းနိုင်ခဲ့သည်။ တိုက်ပွဲတွင်ပါဝင်ခဲ့သော မဟာမိတ်စစ်တပ်၏ အကူအညီလည်းပါလေသည်။
လီကျန်း၏ စိတ်ခွန်အားဖြင့် ဖိနှိပ်မှုမရှိတော့ကတည်းက သွေးစုပ်ဖုတ်ကောင်များက သူတို့ကိုယ်တိုင်အတွက် လက်စားချေတိုက်ခိုက်ရန်ထွက်လာခဲ့ကြလေသည်။ မကောင်းဆိုးဝါး ကပ်ဆိုးဗိုင်းရပ်စ်ကို ကာကွယ်ရန်အတွက်လည်းအကြီးအကဲများက ကာကွယ်ဆေးအမြောက်အမြားကို ထုတ်လုပ်ခဲ့ကြသည်။
မူရွှမ်က ၎င်းကို ဖန်တီးထားခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။ သို့သော်လည်း သူတို့ စကြာဝဠာ ထဲဝင်ရောက်ခဲ့ပြီးနောက် ထိုကပ်ဆိုးဗိုင်းရပ်စ် ပျောက်ကွယ်သွားခဲ့သောကြောင့် မထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
Euphoriaအတွက်လည်း အဆုံးသတ်မဟုတ်သေးပေ။ သွေးစုပ်ဖုတ်ကောင်များက သူတို့ကို လာထိသည့် သူမှန်သမျှကို တစ်ခုမကျန်ပြန် ပေးဆပ်တတ်ကြသည်။ ၎င်းကသူတို့လက်ကိုင်ထားသည့်သဘောတရားပင်ဖြစ်သည်။
လီကျန်းက Euphoria ၏ ခေါင်းဆောင်ဖြစ်သော်လည်း တစ်ခြားမျိုးနွယ်များကလည်း အရေးကြီးသောကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် စကြာဝဠာတစ်ခုလုံး သိအောင် စစ်ကြော်ငြာခဲ့ပြီး နောက်ဆုံး၌ အားလုံး ကို လက်ရဖမ်းဆီးနိုင်ခဲ့လေသည်။
ချွီဇယ်က ထိုမျှလောက်ဂုဏ် ယူဝင့်ကြွားစရာကောင်းလောက်အောင် ပြီးပြည့်စုံနေသည့်အခွင့်အရေး အမိအရ ဖမ်းဆုပ်ပြီး တိုက်ပွဲတိုင်းတွင်ပါဝင်ခဲ့လေသည်။
သူက စစ်ကိုဆန့်ကျင်ကြသော မျိုးနွယ်များကိုပင်တက်ကြွစွာပါဝင်တိုက်ခိုက်ရန်စည်းရုံးခဲ့လေသည်။
