Chapter 27
နွားတစ်ကောင်ရှာပြီးအနိုင်ကျင့်ပါလား...ယောင်စစ်ဘေးနားတွင်ရပ်နေသော ထိုလူက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ထပ်မံ၍ ဆိုလာသည်။
"ငါက မင်းရဲ့အဖေ အစစ် ..."
"ဒါဆို ငါကလည်း နင့်ရဲ့ အဘိုးလေးအစစ်ပဲ..."
ယောင်စစ် အနည်းငယ်မျှပင် တွေးတောမနေပဲ ခွန်းတုံ့ပြန်လိုက်သည်။
ယောင်စစ် ထိုသူက ဦးနှောက်မကောင်းသည့်သူဟု တွေးလိုက်မိသည်။၎င်းက ညအချိန်မတော်ကြီးသူမ၏ အခန်းထဲ ရောက်လာပြီး လှည့်ပတ်နေရုံမျှမက ပါးစပ်ဖွင့်လိုက်တိုင်း အဖေပါဟုလည်း ပြောနေသေးသည်။
ဒီလှပတဲ့ မျက်နာလေးကြောင့်ပဲ ငါ့ကို လှည့်စားနိုင်တယ်လို့ နင်က တကယ်ကြီးထင်နေတာလား...
ထိုပုံရိပ်က နောက်တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။သူ လုပ်လည်းမလှုပ်သလို စကားလည်းမပြောတော့ပဲ ယောင်စစ်ကိုသာ စိုက်ကြည့်နေသည်။သူ့၏ ခန္ဓာကိုယ်မှ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ထို့နောက်သူမျက်မှောင်ကြုတ်လိုက်ပြီးနောက် ယောင်စစ်ဆီသို့ လက်ဆန့်တန်းလာသည်။
"နင်ဘာလုပ်မလို့လဲ..."
ချီးလိုပဲ...သူက ညအချိန်မတော်ကြီး အခန်းထဲ ဝင်လာပြီးမဟုတ်တာ လုပ်ချင်နေတာလား...ယောင်စစ်၏ နှလုံးသားက နစ်မြှုပ်သွားပြီး ထိုသူသည် တကယ်ဟုတ်မဟုတ် စဉ်းစားနေမိသည်။သူမ ယောက်ယပ်ခတ်နေစဉ်မှာပင် ထ်ိုလူ၏ လက်က ပခုံးပေါ် ကျရောက်လာပြီး ညင်သာစွာပြောလာလေသည်။
"ငါ မင်းကို သက်သေပြမယ်.."
"ဟမ်...ဘာအဓိပ္ပါယ်လဲ..."
သို့သော် သူမ မည်သို့မှ မတုံ့ပြန်ရသေးမီပင် အင်အားကြီးလှသော စွမ်းအင်စီးကြောင်းတစ်ခုက ထိုသူ၏ လက်ဖဝါးမှနေ၍ သူမခန္ဓာကိုယ်ထဲ စီးဆင်းလာလေသည်။သူမခုခံဖို့ ကြိုးစားလိုက်သော်လည်း ထ်ိုစွမ်းအင်များက ချက်ချင်းပင် သူမတစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။သူမ၏ နှလုံးခုန်နှုန်းများ သွေးကြောများထဲ နောက်ဆုံးဆံနွယ်များထ်ိတောင် ပြည့်နှက်သွားလေသည်။
![](https://img.wattpad.com/cover/346223543-288-k852206.jpg)