Chapter 118
ဗိုင်းရပ်စ်၏ ဇစ်မြစ်ပန်းပွင့်...
အဲ့တာဧရာမပန်းပွင့်ကြီး...
(⊙ o ⊙)
အဆောက်အဦးငယ်လေး နောက်ရှိ ပြောင်သလင်းခါနေသောလယ်ကွင်းထဲတွင် ဧရာမ သင်းကျောက်ကြီးနှင့်တူသော အပြာပန်းပွင့်ကြီးရှိသည်။ တစ်ပွင့်တည်းရှိသည်မဟုတ်ပဲ လယ်ကွင်းတစ်ခုလုံးက ထိုပန်းများဖြင့်ပြည့်နေခြင်းဖြစ်သည်။ ထိုပန်များက လုံးဝပြာနေကာ သစ်ရွက်များမရှိပဲ သဘာဝတရား၏ လက်ရာများထက် ပိုမို လက်ရာမြောက်လေသည်။
ဒီလောက်အရွယ်ကြီးရဖို့ ဘာမြေဩဇာတွေများသုံးကြလဲဟယ်..
အဲ့ဒီ့အပြင် ပုံရိပ်ယောင်ပဲလား ဒါမှမဟုတ် ရင်းနှီးနေသလိုကိုဖြစ်နေတာလား...
သူမ မြေပြင်ကို ထိရန်လက်ဆန့်လိုက်သော်လည်း ချွီဇယ်က သူမ၏လက်ကို လေထဲတွင် တားလိုက်သည်။
"မထိနဲ့..."
သူအော်လိုက်သည်။သူမ၏လက်မောင်းက သူ၏အားနှင့် ကိုင်ထားမှုကြောင့် ထုံကျင်သွားရသည်။
ဘာဖြစ်တာလဲဟ... ဘာလို့ ဇာချဲ့နေရတာလဲ...ယောင်စစ် ချွီဇယ့်ကို မကျေမနပ်လှည့်ကြည့်လိုက်သည်။ သူ၏ ပြုံးပြုံးရယ်ရယ်ပုံစံကိုသာ ရင်းနှီးနေသည်ဖြစ်၍ သူတည်တည်တင်းတင်းဖြစ်နေသောအခါတွင် ကြောက်ပင်ကြောက်သွားမိသည်။
ဘာဖြစ်နေတာလဲ...
"နင် ဒီပန်းကိုသိတာလား..."
ထို့နောက် ခြုံပုတ်ထဲမှ လှုပ်ရှားမှုတစ်ခုကိုမြင်လိုက်ရပြီး အသံဗလံများကြားလိုက်ရသည်။ အသေအချာကြည့်လိုက်သောအခါ ၎င်းက လူတစ်ယောက်ဖြစ်နေသည်။
တကယ်ကြီး လူတစ်ယောက်ရှိနေတယ်... ဒါ မြေပုံထဲပုန်းနေတဲ့ မကောင်းဆိုးဝါးလား...
စက္ကန့်ဝက်အတွင်း ထိုလူက သူတို့ကို အာရုံခံမိပုံဖြင့် သူတို့ရှိရာဘက်ကို ပြေးထွက်လာသည်။ ယောင်စစ် ဆူညံသံများရှိရာနေရာကို သေချာကြည့်မိလိုက်သောအခါ ပင့်သက်ပင်ရှိုက်မိပြီး နှလုံးသားတစ်ခုလုံး အေးစက်သွားသည်။
လူတစ်ဦးတည်အစား လူအုပ်စုကြီးရှိနေခဲ့သည်။ ၎င်းတို့ကိုကြည့်လိုက်သောအခါ အဓိပ္ပါယ်ဖွင့်ဆို၍ အမိန့်များကိုပေးနေသည့် လူပေါင်းတစ်ရာမျှကို တွေ့လိုက်ရသည်။ ထိုသူများက ကစားသများများဖြစ်ဟန်တူသော်လည်း ၎င်းတို့၏ အသားအရောင်များက Avatarများကဲ့သို့ အပြာရောင်ဖြစ်နေသည်။ သူတို့ထဲက အချို့တွင် ခြေလက်များမရှိကြတော့ပဲ သွေးများစွန်းထင်နေကြသည်။ ကိုယ်တွင်းကလီစာများ အပြင်ထွက်နေသော လူများလည်းရှိကြပြီး အူများက မြေကြီးပေါ်တွင် တရွတ်တိုက်နေကြသည်။ ထိုသို့ဖြစ်နေကြသော်လည်း ၎င်းတို့က အပုတ်နံ့များကို သယ်ဆောင်ကာ ယောင်စစ်တို့ထံ ရူးသွပ်စွာပြေးလာကြသည်။