ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

463 49 0
                                    

Chapter 32
မင်းမိဘတွေနဲ့တွေ့ချင်တယ်

မိုးကြိုးဆေလ်ဗာနီ အုပ်ချုပ်သူ သူ၏မျိုးနွယ်စုကိုခေါ်၍ ထွက်ခွာသွားခဲ့သည်။

ချွီဇယ်က အရူးတစ်ယောက်ဖြစ်သော်ငြား အခြားမျိုးနွယ်စုတစ်ခုလုံးအား မျိုးဆက်ပြတ်စေရန် မရည်ရွယ်ခဲ့ပေ။ သူ ယောင်စစ်ကိုပေးခဲ့သော ခရမ်းရောင်အလုံးလေးမှာ အက်ကွဲသွားသောမျိုးစေ့လေး၏ အခွံလွတ်သာဖြစ်ပြီး ယောင်စစ်အား ပြဿနာအတွင်းဆွဲသွင်းလိုခဲ့ခြင်းသာ ဖြစ်ပေသည်။

အစက ဒုတိယအကြီးအကဲသည် ချွီဇယ်အား မိုးကြိုးဆေလ်ဗာနီမျိုးနွယ်စုနှင့် လိုက်ပါသွားရန်အကြံပြုခဲ့သည်။ မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူ၏လက်ထဲရှိမျိုးစေ့မှာ သားမပေါက်သေးသည်ဖြစ်ရာ မလိုလားအပ်သောအကျိုးဆက်များမဖြစ်ပွားစေရန် ကျွမ်းကျင်သူချွီဇယ်၏ အကူအညီကိုယူစေလိုခဲ့သော်လည်း  မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူက ယတိပြတ်ငြင်းပယ်ခဲ့၏။

သူက အစေ့လေးအားထွေးပိုက်လျက် ဧရာမသစ်ပင်ကြီးအသွင်သို့ ပြန်လည်ပြောင်းလဲကာ ဂြိုလ်ပေါ်တွင်အမြစ်တွယ်လိုက်သည်။ထို့နောက် စက္ကန့်အနည်းငယ်အတွင်း အဝေးတစ်နေရာသို့ အလင်းစက်တစ်ခုအဖြစ်ပျောက်ကွယ်သွားတော့သည်။ သူ၏အရှိန်မှာ အလွန်တရာလျင်မြန်လျက်ရှိကာ ချွီဇယ်လိုက်ပါလာမည်အား ထိတ်လန့်နေသကဲ့သို့ဖြစ်နေသည်။

ရက်အနည်းငယ်ကြာသောအခါ အနီရောင်ဂြိုလ်သည် အပျက်အစီးများစွာအတွက် မိုးကြိုးဆေလ်ဗာနီအုပ်ချုပ်သူထံမှ လျော်ကြေးများလက်ခံရရှိခဲ့လေသည်။

.. ပြဿနာက အေးအေးဆေးဆေးပြီးသွားပြီထင်ပါတယ်...

ယောင်စစ်တွေးတောလိုက်သည်။

သို့သော်လည်း မျိုးနွယ်စုနှစ်ခုအကြားမှပြင်းထန်သော ရန်ပွဲကြောင့်ဖြစ်ပေါ်လာသည့်အပျက်အစီးများအား ပြန်လည်ပြုပြင်ထိန်းသိမ်ရင်းဖြင့် လူတိုင်းအလုပ်များနေကြသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သွေးစုပ်ဖုတ်ကောင်များအားလုံး၏ အမူအယာမှာထိုင်းမှိုင်းလျက် ခေါင်းငိုက်စိုက်ကျကာသက်ပြင်းတချချရှိနေကြသည်။ မည်သူမျှ ရန်ဖြစ်နိုင်သောအခြေအနေတွင် ရှိမနေကြပေ။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now