Chapter 151
ဆုရတဲ့အတွက်ဂုဏ်ယူပါတယ်မူရွှမ် အနီရောင်ဂြိုလ်မှထွက်လာကတည်းက ဆိုးရွားသည့်ခံစားချက်များရှိနေခဲ့သည်။ သူ၏ကလေးလေးကို အန္တရာယ်များမှရှောင်ရှားစေလိုခြင်းနှင့် စကြာဝဠာအတွင်းရှိဗဟုသုတများကို သိရှိစေလိုခြင်းကြောင့် ဤခရီးကို စီစဉ်ခဲ့သော်လည်း မည်သည့်အရာမှချောချောမွေ့မွေ့ဖြစ်မလာပေ။
သို့သော် အနည်းဆုံး သူမကောင်းကောင်းသင်ယူနိုင်ခဲ့ပေသည်။
ယခု မျိုးနွယ်အသစ်များနှင့်တွေ့သည့်အခါ၌ သူမဘက်က အလျင်စလို ချဉ်းကပ်ခြင်းမျိုးမလုပ်တော့ပဲ သူမှတ်စုပေးထားခဲ့သောအချက်အလက်များကို သေချာစွာကြည့်တတ်သည်။ ထိုကဲ့သို့ လိမ္မာကြိုးစားတတ်သော ကလေးလေးကြောင့် သူစိတ်ကျေနပ်နေမိသော်လည်း ဆက်တိုက်ပေါ်လာသောတခြားပြဿနာများကြောင့် သူ၏စိတ်ရှည်မှုကကြာရှည်မခံတော့ပဲ စကြာဝဠာတစ်ခုလုံးကို ရိုက်နှက်ပစ်ချင်နေမိသည်။
သောက်ကျိုးနည်း ဒီကောင်တွေကအဲ့လိုမသင့်လျော်တဲ့အတွေးမျိုးဘယ်တုန်းကတွေးမိသွားကြတာလဲ...
သူတို့ ရေမျိုးနွယ်စုနှင့် အခက်အခဲတချို့ကြုံခဲ့ရသည်။ သူမက ထိုရေမျိုးနွယ်အထီးတစ်ကောင်ကိုလွှမ်းမိုးနိုင်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သည်။ သို့သော် သူမက သူ၏ကလေးလေးဖြစ်နေသောကြောင့် အပြစ်မယူပဲခွင့်လွှတ်နိုင်ပေသည်။
ထို့နောက် ဘယ်နေရာမှပေါ်ထွက်လာမှန်းမသိသော အာဗီဘုရင်မကရုတ်တရက်ပေါ်လာလေသည်။
နေပါဦး..... သူတို့မျိုးနွယ်ကသူတို့ဘုရင်မကိုအဖိုးထိုက်တန်တဲ့ပုလဲလုံးလေးလိုမျိုးယုယထားတာမဟုတ်ဘူးလား...သူမကမိခင်ဂြိုလ်ကနေ မထွက်ခွာတာတောင်နှစ်ပေါင်းရာချီပီမဟုတ်ဘူးလား.... ဘယ်လိုဖြစ်ပြီးတော့သူ့ရဲ့ကလေးလေးကိုလာလုနေရတာလဲ...
အဓိကအချက်က စစ်စစ်သည် ငယ်ငယ်လေးရှိသေးသည်။ သူမက သွေးစုပ်ဖုတ်ကောင်အဖြစ်အပြည့်အဝပြောင်းလဲခဲ့သည်မှာ နှစ်ဝက်ပင်မရှိသေးပေ။ သွေးစုပ်ဖုတ်ကောင်များအတွက် သူမက အလွန်ပင်ငယ်သည့် ကလေးလေးဖြစ်နေပြီး မူကြိုတွင်စာသင်ယူသင့်သည့်အရွယ်သာရှိသေးသည်။