Chapter 171
သွေးစုပ်ဖုတ်ကောင် အရွယ်ရောက်ခြင်း အခမ်းအနားမူရွှမ်၏ စိတ်ဖိစီးမှုများမှာ လအနည်းငယ်ခန့်ထိ ကြာသွားခဲ့ပြီး ယောင်စစ်နှင့် ချစ်ခင်ကြင်နာစွာပြုမူလျက် သူ၏နေ့ရက်များကို ဖြတ်သန်းခဲ့သည်။ သူမ ပြင်းထန်စွာ ကြိုးပမ်းခဲ့ရပြီးနောက် အထိအတွေ့တစ်ခုကိုပင် ရှက်နေတတ်သော ဖြူစင်ရိုးသားသည့် ကောင်လေးကို သူမနှင့် အိပ်ရာပေါ် တူတူအိပ်လျှင်ပင် ဘာမှမဖြစ်တော့သည့် လူအဖြစ်သို့ ပြောင်းလဲ ပေးနိုင်ခဲ့သည်။ တမင်ဖွင့်ထားသည့် အင်္ကျီကြယ်သီးများကိုပင် တပ်ပေးခဲ့သည်။
“…”
သို့သော် ခုတင်တစ်ခုတည်းပေါ်တွင် လအနည်းငယ်ခန့် တူတူ အိပ်ပြီးသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အရာ တစ်ခုမှ ဖြစ်မလာခဲ့ပေ။ အရာအာလုံးက ဖြူစင်ရိုးသားနေဆဲ ဖြစ်သည်။
○| ̄|_
အစပိုင်းတွင် ယောင်စစ်က အရိပ်အမြွက်များ အဆက်မပြတ်ပြခဲ့သော်လည်း အချိန်ကြာလာသည်နှင့် သူမ၏ ရှက်ရွံ့မှုက ဒေါသအသွင် ပြောင်းသာသည့်အတွက် သူမ အပြုအမူများက ရဲတင်းလာသည်။ သို့သော် နောက်ဆုံးအချိန်ရောက်ကာမှ မူရွှမ်က သူမကို အမြဲတားမြစ်ပြီး သူမလုပ်ဆောင်ချက်များကိုပါ ပိတ်ပင်လိုက်သည်။ တစ်ခါတစ်ရံ သူ၏ စွမ်းရည်ကိုပင် အသုံးချ၍ သူမကို တားမြစ်သည်။
ဓားမြှောင်က သူမ၏ ရင်ဘတ်ကို ညတိုင်းထိုးစိုက်နေပြီး ဆုံးရှုံးသွားသည့် သွေးများက မြစ်တစ်စင်းခန့် ရှိမည်ဟု သူမ ခံစားမိသည်။
မူရွှမ်က သူမ၏ လုပ်ဆောင်မှုများကြောင့် အကျိုးသက်ရောက်သွားသော်လည်း အမြဲတမ်း သူ့ကိုယ်သူ ကာကွယ်ထားသည်။ သူ၏ အပြုအမူကြောင့် တစ်ခါတစ်ရံတွင် ယောင်စစ် သူ့ကိုယ်သူ ငယ်ရွယ်တုံးအသော မိန်းကလေးငယ်များကို ပစ်မှတ်ထားတတ်သည့် နှာဘူးတစ်ကောင်ကဲ့သို့ ခံစားမိလာသည်။
မူရွှမ်၏ တစ်ခုတည်းသော ဆင်ခြေက သူမ၏ငယ်ရွယ်သော အသက်ပင်။
(╯‵□′)╯︵┻━┻
သေလိုက်စမ်းပါ ...လူတွေက သူမကို မုန်းတယ်လို့ခေါ်ရင် သိပ်မုန်းတာပဲ ... ငါ့ရဲ့ ဘယ်အပိုင်းက ငယ်ရွယ်တာနဲ့ တူနေလို့လဲ ရှင်းရှင်းလင်းလင်း ကြည့်ကြစမ်းပါ ...