ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

360 31 0
                                    

Chapter 89
ဝက်ခေါင်းတိုက်ပွဲ

လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်  အအေးဓာတ်က သူမအားလွှမ်းခြုံသွားသည်။ ပြင်ပရှိအပူချိန်နှင့် ကွာခြားစွာ သူမ၏လက်မောင်းတစ်လျှောက်အား မွေးညင်းများ ထောင်တက်လာစေသည်။

အေးလိုက်တာ အေးလိုက်တာ...

လူသစ်များအတွက် အဆင့်တိုးမြှင့်လက်ဆောင်များ ရံဖန်ရံခါရရှိတတ်သော်လည်း ရှားပါးကာ အန္တရာယ်များတတ်သဖြင့် ယောင်စစ်က မျှော်လင့်ချက် သိပ်မထားခဲ့ပေ။

သို့သော် ကံအားလျော်စွာဖြင့် သူမဤနေရာသို့ ရောက်ရှိလာခဲ့ရပေသည်။

လူသစ်များအတွက် ကြိုဆိုလက်ဆောင်များက တစ်ခုနှင့်တစ်ခုမတူညီဟု လမ်းညွှန်တွင်ဖော်ပြထားသဖြင့် ယောင်စစ်အား မည်သို့သောအရာက စောင့်ကြိုနေမည်ကိုမသိရပေ။ ဂူအတွင်းသို့ ​ ရောက်ရှိလာလေ အပူချိန်ကကျဆင်းသထက်ကျဆင်းလာလေဖြစ်ပြီး အလင်းရောင်လည်းပျောက်ဆုံးလာသည်။

ယောင်စစ်က နတ်ဆိုးနယ်မြေမှ ဧရာမပိုးကောင်ကြီးအား ရုတ်ချည်းအမှတ်ရသွားမိသည်။ ဤနေရာတွင်ရော ထိုသို့ သားရဲများ ရှိနေနိုင်ပါသလော...

" ဟီးဟီးဟီး တစ်ယောက်ယောက်ကတော့ သူ့ခြေထောက်နဲ့သူ ရောက်လာပါရောလားဟေ့..."

ကောင်းသောရည်ရွယ်ချက်တို့ရှိဟန်မတူသော အသံတစ်သံထွက်ပေါ်လာသည်။

ထိုအသံက တိုးတိမ်ကာ အေးခဲနေသောအသံဖြစ်သည်။ ယောင်စစ် မည်သို့အာရုံခံပါစေ ထိုအသံမည်သည့်နေရာမှထွက်ပေါ်လာသည်အား မခန့်မှန်းနိုင်ရှိရသည်။

သူမက မတ်မတ်ရပ်၍ လက်မြှောက်ကာ နှုတ်ဆက်လိုက်သည်။

" ဟိုင်း..."

သူမ၏ပတ်ပတ်လည်သည် အေးစိမ့်မှောင်မဲနေကာ တတောက်တောက်ကျဆင်းနေသောရေသံက သူမကြားနိုင်သည့် တစ်ခုတည်းသောအသံဖြစ်သည်။

" ဘာလဲ စိတ်စွမ်းအင်မရှိတဲ့လူတစ်ယောက်ပဲလား..."

ထိုအသံက စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်တူသည်။ ထို့နောက် အမှောင်
ထုအတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးNơi câu chuyện tồn tại. Hãy khám phá bây giờ