Chapter 39
ဆိုးလိုက်တဲ့ကံယောင်စစ် စုစုပေါင်းသုံးရက်ခန့် သတိလစ်သွားခဲ့သည်။ သူမနိုးလာသောအခါ မာရသွန်ပြေးပွဲတစ်ခု ပြေးလိုက်ရသလိုခံစားနေရသည်။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကာ အားအင်ချိနေသလို ခံစားနေရသော်လည်း ပြဿနာမရှိပေ။
သူမတွင် အစွမ်းတစ်ခုရှိနေပြီဖြစ်သည်။
ဟား ဟား ဟား ဟား ဟား ဟား...
သူမ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ထဲက ငပျော့လေးတစ်ကောင်မဟုတ်တော့ပေ။ ရေအစွမ်းက အင်အားနည်းသောအစွမ်းဖြစ်သော်လည်း အစွမ်းမရှိသည်ထက်တော့ ပိုမိုကောင်းမွန်ပေသည်။ ထို့အပြင် သွေးစုပ်ဖုတ်ကောင်များက မသေမျိုးများဖြစ်ကြသော်လည်း အစွမ်းတစ်ခုမှမရှိ၍ အရိုက်ပဲခံရမည်ဆိုပါက လူကြား၍မကောင်းပေ။
ယောင်စစ် သူမစွမ်းရည်ကို မြှင့်တင်ရန်ဆုံးဖြတ်လိုက်ပြီး မူရွှမ်စီစဉ်ပေးထားခဲ့သော စာအုပ်များအားလုံးကို ပြန်ဖတ်လိုက်သည်။ ထို့နောက် သူမ ခံစားခဲ့ရသောခံစားချက်ကို ပြန်လည်ပုံဖော်ရင်း သူမခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို နှိုးထလိုက်သည်။
သို့သော်...
တစ်နာရီကြာပြီးနောက်...
အင်း... ငါ့အစွမ်းကအခုမှနိုးလာတာဆိုတော့ အသုံးပြုတဲ့နည်းလမ်းတွေနဲ့ အကျွမ်းတဝင်မရှိလို့ နေမှာပါလေ...
နှစ်နာရီကြာပြီးနောက်...
အင်း... ငါလုပ်တာမမှန်လို့နေမှာ နည်းလမ်းပြောင်းကြည့်တာပေါ့...
သုံးနာရီကြာပြီးနောက်...
အင်း... ငါဖတ်ထားတာတွေမလုံလောက်သေးလို့နေမှာ... နောက်ထပ်ဖတ်ကြည့်ဦးမှပါ...
ငါးနာရီကြာပြီးနောက်...
လခွမ်း... ငါဘာလို့ ဘာကိုမှမခံစားရတာလဲ... ငါ့အစွမ်းကနိုးထလာပြီမဟုတ်ဘူးလား...
"စစ်စစ်..."
မူရွှမ် ကြည့်မနေနိုင်တော့သဖြင့် သူမကိုထိုင်ခုံပေါ်ဆွဲတင်လိုက်ပြီး သဘောမတူဟန်ဖြင့် ကြည့်နေသည်။
"အစားအသောက် အရင်စားရမယ်..."
သူမ ထိုနေရာတွင် မလှုပ်မယှက်တစ်နေကုန်ထိုင်နေခဲ့သည်။ အရေးကြီးကိစ္စဖြစ်နေသည်ဆိုလျှင်တောင် စားဖို့လိုအပ်နေပေသည်။