18 ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

519 39 0
                                    

Chapter 18
ဘယ်လိုတောင် ကလိမ်ကကျစ်ကျရတာလဲ

ယောင်စစ် ဂိမ်းထဲတွင်အချိန်အတန်ကြာနေ၍ ယုန်များအားတစ်ချိန်လုံးအမဲလိုက်နေခဲ့သည်။သူမက ရွာအနီးတစ်ဝိုက်တွင်ရှာဖွေနေရာမှ တစ်ဖြည်းဖြည်းတောအုပ်အတွင်းသို့ရောက်ရှိလာသည်။ ယုန်အရေအတွက်သည်လည်းပိုမိုနည်းပါးလို့လာသည်။မူလက ရွာအနီးတွင်အများအပြားတွေ့ရှိခဲ့သောယုန်များမှအပ ယခုတောနက်သို့ရောက်သောအခါ သူမအတွက်တစ်ကောင်နှစ်ကောင်တွေ့ရန်ပင်ခက်ခဲလို့နေသည်။

သူမက ဤသည်ကို ဂိမ်းဒီဇိုင်းဆွဲသူ၏လိုအပ်ချက်ဟုတွေးလိုက်သည်။ဂိမ်း၏အခြေခံတိရိစ္ဆာန်အနေဖြင့်အချိန်ပိုင်းအတွင်းပြန်လည်ဖွံ့ဖြိုးပြီးဖြစ်သင့်သည်။ယခုသူမ တောနက်အတွင်းအမဲလိုက်ရန်ပင်ရောက်ရှိနေပြီဖြစ်ပြီး ရွာအနီးတစ်ဝိုက်ရှိယုန်ပမာဏကမူပြန်လည်ဖြည့်တင်းပြီးခြင်းမရှိပေ။

ယောင်စစ်ကဤပြဿနာအား ဂိမ်းဝန်ဆောင်မှုကိုမည်သို့ပြန်လည်အထွန့်တက်ရမည်ကိုစဥ်းစားရင်းဖြင့် သူမဖမ်းဆီးရမိလာသော ယုန်ငါးထောင်အားကျောပိုးအိတ်အတွင်းသို့ထည့်သွင်းနေသည်။ သူမရွာသို့ပြန်ရန်ပြင်လိုက်ချိန်မှာပဲ ကောင်းကင်ထက်မှ  ' တင် ' ဟူသောအသံနှင့်အတူနောက်တစ်ခဏတွင် ကောင်းကင်အနှံမှဆည်းလည်းသံများပဲ့တင်ထပ်လာလေသည်။

[ တင်.. အာကာသမျိုးနွယ်ထိန်းချုပ်ခြင်းလောကမှပြန်တမ်းအကြောင်းကြားစာ : လူသားတို့တွင်မခန့်မှန်းနိုင်သောစိတ်ခံစားချက်များစွာနှင့် စစ်မှန်သောချစ်ခြင်းမေတ္တာတို့ရှိသည်  ကစားသမား 38 သည်သူ၏ကြင်နာတတ်သောလက်အစုံဖြင့် ဆန်းပြားယုန်ရွာ အားအချိန်အတော်ကြာအနှောင့်အယှက်ပေးနေခဲ့သော ယုန်ဖျက်ကပ်ကိုကူညီဖြေရှင်းပေးခဲ့သည် ယခုအချိန်မှစ၍ရွာသည်ယုန်များ၏ဒဏ်အားထပ်မံခံစားရတော့မည်မဟုတ်၍ ကစားသမားအား  ' ကုသခြင်းနှင့်ကူညီတတ်သော ရောင်ဝါ ' အားချီးမြှင့်လိုက်သည်...
အပျက်အစီးဆောင်ရမှတ်တိုင်းအား -10%သာရစေရန်ချီးမြှင့်လိုက်သည်  ဆန်းပြားယုန်ရွာကအမည်သစ်တစ်ခုထပ်မံအပ်နှင်းခံရမည် ]

ယောင်စစ်က ဘယ်ကမှန်းမသိထွက်ပေါ်လာသောအသံကြောင့်ထိတ်လန့်သွားရသည်။သို့သော်ဤအရာက ဂိမ်းထဲရှိပုံမှန်ကိစ္စတစ်ခုဖြစ်မည်ဟုတွေးလိုက်၏။ဂိမ်းမှကြေငြာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ဂိမ်းထဲရှိဘောစိတစ်ဦးက စပီကာဝယ်ယူလိုက်ခြင်း စသည်စသည်တို့ဖြစ်နိုင်ပေသည်။ယောင်စစ်က သူမကိုယ်သူမပြင်ဆင်လိုက်ကာ သူမ၏မစ်ရှစ်ကိုအဆုံးသတ်ရန် ရွာဘက်သို့ဦးတည်လာခဲ့သည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now