ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

379 37 0
                                    

Chapter 84
သံပတ်ရုပ်များ

" ကျွန်မဒီကိုလာတာ ကျွန်မမိတ်ဆွေအတွက် တရားမျှတမှုရှာဖို့လာခဲ့တာပါ ရှစ်ဖုန်းဂိုဏ်းဆီက သင့်တော်တဲ့ဖြေရှင်းချက်တစ်ချို့ပေးစေချင်ပါတယ်..."

ယောင်စစ်က ဇန်ဇီချန်အား လှမ်းကြည့်လိုက်သည်။

သူက ရှေ့သို့တိုးလာကာ လက်နှစ်ဖက်ကိုယှက်လျက် ဂါရဝပြုလိုက်၏။

" ဂိုဏ်းချုပ် ပြီးတော့ အကြီးအကဲတို့ ကျွန်တော် တိုက်ပွဲအသွင်ပြောင်းဆေးလုံးကိုမခိုးခဲ့ရပါဘူး အဲဒီနေ့ကကျွန်တော် ကွယ်ဝှက်ဆေးလုံးခန်းဆောင်ကိုရောက်သွားတော့ ဂိုဏ်းတူအစ်ကိုကဆေးလုံးစားနေတာမြင်ခဲ့ပါတယ် အဲဒါကြောင့်ကျွန်တော်တို့ပဋိပက္ခဖြစ်ခဲ့ရပြီး ကျွန်တော်ကဆေးလုံးခိုးတဲ့သူလို့ စွပ်စွဲခံခဲ့ရပါတယ် ဇီချန် ဘယ်တော့မှ ခိုးမှာမဟုတ်....."

" တိတ်စမ်း..."

ဂိုဏ်းချုပ်က ဇန်ဇီချန်၏ဖြေရှင်းချက်အား ဖြတ်အော်လိုက်သည်။

" မင်းအမှိုက်သရိုက်လိုကောင် အဲဒီနေ့က မင်းယောင်အာကိုဒဏ်ရာရအောင်လုပ်ပြီး ဆေးလုံးကိုခိုးသွားတာငါ့မျက်စိနဲ့တပ်အပ်မြင်တယ်  အမှန်တရားကိုဘာလို့ မှောက်ခုံလှန်ရတာလဲ မင်းအရှက်မရှိဘူးလား..."

" သရာသခင်ယွီ... ကျွန်တော်ပဲခိုးသလား တစ်စုံတစ်ယောက်ပဲစားသွားသလား ဆရာအသိဆုံးပါ..."

" ရဲတင်းလိုက်တာ မျက်မြင်သက်သေတွေရော သက်သေတွေအခိုင်အမာရှိနေတာကို မင်ကငြင်းဝံ့သေးတယ်..."

ဂိုဏ်းချုပ်က ဝတ်ရုံလက်ကို အားဖြင့်ခေါထုတ်လိုက်ကာ သူ၏ဒေါသနှင့် အရှက်တရားတို့အား ဖုံးကွယ်လိုက်သည်။ သူက တစ်ဖက်သို့လှည့်ကာ ...

"  အကြီးအကဲတို့ ကျွန်တော် ဒီလိုတပည့်မိုက်ကိုဆုံးမဖို့ အကြီးအကဲတို့ကိုမနှောင့်ယှက်တော့ပဲ သီးသန့်ဖြေရှင်းလိုက်ပါ့မယ်..."

သူက ဇန်ဇီချန်အားဆွဲခေါ်သွားမည့်ဟန်ဖြင့် ရှေ့သို့ဒေါသတကြီးတိုးလာသည်။  ဂိုဏ်းချုပ်ယွီဆိုသူက အလွန်အမင်းတုံ့ပြန်မှုလွန်ကဲနေကာ ဤပြဿနာ အကျယ်အကျယ်ဖြစ်ကာ နောက်ဆက်တွဲများဖြစ်လာမည်ကို ကြောက်ရွံနေဟန်ပင်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးDonde viven las historias. Descúbrelo ahora