Chapter 93
အချင်းချင်း ထိခိုက်မိစေကြခြင်းဇန်ဇီချန် ထိုသည်ကို မျှော်လင့်ထားပြီးဟန်ဖြင့် မြေပြင်ပေါ် ဆင်းသက်ခါနီး စက္ကန့်ပိုင်းအလိုတွင် ဓားများကို ဆင့်ခေါ်၍ နတ်ဆိုးသားရဲ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
တော်လိုက်တာ...
မြေပြင်ပေါ်ဆင်းသက်ပြီးနောက်တွင် သူတို့နတ်ဆိုးရှိရာသို့ တိုက်ရိုက်ဦးတည်လိုက်ကြသည်။အဖမ်းခံထားရသော သားရဲက အနည်းငယ် အသိဉာဏ်ရှိပုံရပြီး ဘေးဘက်ကို ခုန်မထွက်ပြီ ခေတ္တမျှရပ်လိုက်သေးသည်။ ၎င်း၏ ကြီးမားပြူးကျယ်သော မျက်လုံးများကို အသုံးပြု၍ သူတို့ကို စိုက်ကြည့်ကာ အဆက်မပြတ် ဟိန်းဟောက်နေလေသည်။
၎င်းဟိန်းဟောက်သံက သူသားရဲအုပ်အတွင်းတွင် ရှိစဉ်က ဟိန်းဟောက်သံနှင့်မတူပဲ ပိုမို စူးရှနေလေသည်။ ဟိန်းဟောက်သံတစ်ခုဆီက လေထဲတွင် စွမ်းအင်လှိုင်းလုံးတို့ ဖြစ်ပေါ်လာစေကာ သူတို့ထံ ဦးတည်နေလေသည်။
စွမ်းအင်လှိုင်းလုံးများကို ပထမဆုံးခံစားမိချိန်တွင် ယောင်စစ် စိတ်လှုပ်ရှားမှုတို့ ပွက်ပွက်ဆူလာတော့သည်။ သူမ သူမ၏ စိတ်ခွန်အားကို အပြင်ဘက်သို့ ပို့လွှတ်လိုက်သည်။ ၎င်းက သာမန်မဟုတ်သော အတွေ့အကြုံဖြစ်ပြီး ဇန်ဇီချန်က သူမနောက်တွင် ရပ်နေသည်ဖြစ်သော်လည်း သူ၏ မျက်နှာအမူအယာကို မြင်နေရသည်။ သူမ၏ စိတ်ခွန်အားက ကြီးမားသော ပိုက်ကွန်ကြီးတစ်ခုနှယ် သားရဲကို လွှမ်းခြုံသွားသည်။
ထိုပိုက်ကွန်ကြီးက သားကောင်နှင့် လက်မအနည်းငယ်လောက်သာ ဝေးသည့်အချိန်တွင် သားရဲက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလို နောက်သို့ လဲကျကာ အော်သံအကျယ်ကြီး ထွက်ပေါ်လာသည်။ ၎င်း၏ အနက်ရောင်ခန္ဓာကိုယ်ကြီးမှ တောက်ပသော ကြေးခွံများ ပျံထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်လာလေသည်။ ၎င်းက ယောင်စစ်၏ စိတ်ခွန်အားအပါအဝင် အရာတိုင်းကို ပြန်ကန်ထွက်သွားစေသည်။
အာ.. ကြည့်ရတာ တိမ်မြိုသားရဲတွေမှာ မီးစွမ်းအင်ရှိတဲ့ပုံပဲ...
"ဆိုးလိုက်တာ..."
ဇန်ဇီချန် ဖျော့တော့သွားသည်။
"ဒါ တိမ်မြိုသားရဲမဟုတ်ဘူး... ဝိဉာဉ်ဝါးမြိုသားရဲပဲ... တိမ်မြိုသားရဲအုပ်စုက ဒါကြောင့် သူ့ဆီက ထွက်ပြေးနေကြတာ..."