Chapter 133
ဂိမ်းစွဲနေသောလူငယ်လေး"နင်တို့ငါ့ကို ဘာလို့ဒီဂိမ်းထဲဆွဲသွင်းလိုက်ရတာလဲ..."
" ဘာလို့လဲ ဆိုတော့ ကျွန်တော်တို နည်းနည်းပြသနာကြုံနေလို့..."
ပိုင်ရိ ကသိကအောက်ဖြစ်စွာဖြင့် ခေါင်းကုတ်ရင်းဖြေလိုက်သည်။
"ကျွန်တော်ကြားခဲ့တာကလေ သခင်မလေးက အရင်တုန်းက ဒီဂိမ်းဆော့ဖူးတယ်တဲ့...အဲ့ဒါကြောင့်အတွေ့အကြုံရှိမယ်လို့ထင်ခဲ့တာ...ဒါပေမဲ့ လည်းကံမကောင်းစွာနဲ့ပဲ သခင်မလေးကLevel10မှာပဲရှိနေသေးတယ်..."
ထိုခဏ၌ သူမက သူ့၏ မျှော်လင့်ချက်များကိုသတ်ပစ်လိုက်သလိုပင်။
"ကျွန်တော်က....ကူညီမယ့်အကူညီလေးကိုမျှော်နေခဲ့မိတာပါ... ဘေးကဆွဲထားမယ့်လူတွေကိုမဟုတ်ပါဘူးလေဗျာ..."
အဲ့ဒီ အချိန်တုန်းက ငါက စကြာဝဠာစကားကိုတောင်မတတ်သေးဘူးလေ....ဘယ်လိုလုပ်levelမြင့်မှာလဲ....ပြီးတော့အဲ့ဒါကငါ့ရဲ့ကလေးဘဝစိတ်ဒဏ်ရာပဲ....
"အဲ့ဒီတော့ ဒါက နင်ပြောတဲ့ ပြသနာဆိုတာလား....."
သူမကိုအရေးပေါ်အခြေနေဆိုပြီး ဂိမ်းထဲဆွဲသွင်းလိုက်တယ်ပေါ့လေ....
ယောင်စစ် မျက်လုံးလှန်လိုက်မိသည်။ ထို့နောက်သူ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်၏။"အိုး...ဒါနဲ့ လီကျန်းကဘယ်မှာလဲ....နင်ကစားချင်တယ်ဆိုတာနဲ့ သူကိုတစ်ယောက်ထဲလွှတ်ထားလိုက်တယ်ပေါ့လေဟုတ်လား... ဒါလား...နင်ပြောထားတဲ့ဂရုစိုက်မှုဆိုတာ..."
" သူဒီမှာပါ...."
ပိုင်ရိက ခန္ဓာကိုယ်လှလှနှင့် ဆံပင်များကိုဆွဲကိုင်ဆော့ကစားနေသော လူတစ်ယောက်ကိုဆွဲ၍ ပြောလိုက်သည်။"တကယ်ကြီးလား..."
"ဖေဖေယောင်စစ် မတွေ့ရတာတောင်ကြာပြီနော်..."
ထိုအမျိုးသမီးက တစ်ခစ်ခစ်ရယ်လိုက်ပြီးနောက် ယောကျာ်းသံကြီးဖြင့်နှုတ်ဆက်လာလေသည်။
ယောင်စစ် အေးခဲသွားလေသည်။
လီကျန်းက ဘယ်လိုလုပ်ပြီးတော့ မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားတာလဲ....ဒီ စကြဝဠာဂိမ်းက သူတစ်ယောက်ရဲ့အသွင်ပြင်အတိုင်းပြောင်းလဲပေးတာလေ... ဘယ်လိုဖြစ်လို့လိင်အမျိုးအစားပါပြောင်းသွားရတာလဲ....