Chapter 181
အံ့ဩဖွယ် ဘုရင်မ" ရှင်ပဲလား ..."
လျန်ယု မူရွှမ့်ကို စူးစူးရဲရဲ ကြည့်နေသည်။" ကျွန်မတို့က လက်ထပ်ပြီးသွားပြီဆိုတော့ စစ်စစ်ကို ခေါ်သွားဖို့ မတွေးနဲ့တော့ ..."
သူမက ယောင်စစ်ခန္ဓာကိုယ်နှင့် လင်းလုံကို စိုးရိမ်တကြီး ဖက်ထားလိုက်သည်။လင်းလုံက ငြင်းပယ်ပုံမပြပဲ သူမကို လိုက်လျောပြီး ပြန်ဖက်ထားသည်။
ယောင်စစ် သူမကို လျစ်လျူရှု့ထားပြီး သူမ၏ မျက်နှာနောက်တွင် ပုန်းကွယ်နေသည့် တစ်စုံတစ်ယောက်ဘက်ကို လှည့်လိုက်သည်။ ထိုမျက်နှာကိုကြည့်လေ သယမ၏ စိတ်အနှောင့်အယှက် ဖြစ်မှုများက ပိုကြီးထွားလာလေ ဖြစ်သည်။
" လင်းလုံ ရှင် ဘာတွေလုပ်နေတယ်ဆိုတာ သိရဲ့လား ... ရှင် ဒီအခမ်းအနားကို ပြီးအောင်လုပ်မယ်ဆိုရင် ကျွန်မ ဒီခန္ဓာကိုယ်ကို သင်းကွပ်လိုက်မယ် ..."
" သေစမ်း ..."
လင်းလုံ ကြိမ်းဝါးလိုက်သည်။ သူ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ ထို့နောက် ယောင်စစ်ကို ခြိမ်းခြောက်တော့သည်။" ယောင်မျိုးနွယ် မင်းငါ့ခန္ဓာကိုယ်ကို ထိရဲရင် ငါမင်းကို ဖျက်ဆီးပစ်မယ် ..."
" မင်း လုပ်ရဲရင် လုပ်ကြည့်လေ ..."
သူမ မတုံ့ပြန်မီမှာပင် မူရွှမ်က ရှေ့တစ်လှမ်းတိုးလာပြီး သူမရှေ့မှ ကာပေးလျက် လင်းလုံကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏ ဒေါသက အေးစက်စက်လှိုင်းလုံးများ အနေဖြင့် ဖြာထွက်နေသည်။" သေစမ်း ..."
တစ်ကိုယ်တော်ခွေးတစ်ကောင်၏ အော်ရာကို သယ်ဆောင်လာခဲ့သည့် သူ၏အတိတ်နှင့် နှိုင်းစာပါက သူက ယုံကြည်မှုအပြည့်ရှိနေသည်။ သူက လျန်လုလက်ကို ကိုင်လိုက်ပြီး တစ်ကမ္ဘာလုံးကိုပြရန် ပြင်လိုက်သည်။
" ဟမ့် စာချုပ်ချုပ်ဆိုသူရှိတာ ဘာကောင်းလို့လဲ ... မရှိတဲ့သူရော ရှိလို့လား ..."" လျန်ယုက တကယ်ပဲ ရှင့်ရဲ့ စာချုပ်ချုပ်တိုသူလား ..."
ယောင်စစ် မေးလိုက်သည်။ သူမ၏ သံသယများကို အတည်ပြုလိုက်နိုင်မည်ဟု မထင်ထားပေ။" ဒါ ... ဒါက အင်း ဟုတ်တယ်လေ ..."
လင်းလုံချောင်းဆိုးလိုက်ပြီး မျက်နှာတွင် ဝမ်းမြောက်သည့် အမူအရာတစ်ခု ပေါ်လာသည်။ သို့သော် မျက်နှာပေါ်မှ ရှက်ရွံ့မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။