Chapter 90
ဘောလုံးအုပ်စုလေး"အိုင်း ညီမရေ... ကြည့်ရတာ ခန္ဓာကိုယ်ကနေ အသိစိတ်ထွက်သွားတာ ပထမဆုံးကြုံဖူးတဲ့ပုံပဲ..."
အစိမ်းရောင်မြူခိုးလုံးလေးက မြူခိုးများကြမှထွက်ပေါ်လာသည်။
"မင်းရဲ့ အခုအခြေအနေက အသိစိတ်ပျောက်ကွယ်နေတဲ့အခြေအနေမှာရှိနေတယ်... အနည်းဆုံးတော့မင်းမှာ မြူခိုးလုံးတစ်ခုဖြစ်နေပြီဆိုတော့ ပျော်လိုက်တော့.. စိတ်မပူပါနဲ့ အချိန်ရောက်လာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ...""ရှင်ဘာပြောတာ..."
ယောင်စစ် သူမစိတ်အတွင်းရှိ ထိတ်လန့်မှုကို မြိုသိပ်ကာ မေးလိုက်သည်။"မင်းက အာကာသမျိုးနွယ်ရဲ့ လေ့ကျင့်ရေးဖောက်သည်တစ်ယောက် မဟုတ်လား..."
အစိမ်းရောင်အလုံးက မေးလာသည်။ယောင်စစ်ခေါင်းငြိမ့်ပြလိုက်ကာ သူမကိုယ်သူမ ဘောလုံးလေးဖြစ်နေမှန်းသတိရသွား၍ ခပ်မြန်မြန်မေးလိုက်သည်။
"ဟုတ်တယ်လေ.. ရှင်တို့ရောလား...""ဒါပေါ့..."
အစိမ်းရောင်အလုံးလေး ခုန်ပေါက်လိုက်သည်။
"မင်းမလာခင်ကတည်းက လက်ဆောင်ရဖို့ ဒီကိုရောက်နေကြတာ..."လက်ဆောင်...
ယခုအချိန်တွင် အဲ့စကားလုံးက သူမကိုသွားပင် ကိုက်သွားစေသည်။"သူတို့ပြောတဲ့လက်ဆောင်ဆိုတာက ဝိဉာဉ်ဝါးမြိုအလံမလား..."
"ဟုတ်ပါ့..."
"ဒါဆို ငါတို့အခုဘယ်ရောက်နေကြတာလဲ..."
"ဝိဉာဉ်ဝါးမြိုအလံထဲမှာလေ..."
အစိမ်းရောင်အလုံးလေးက ခုန်ပေါက်ပြီး ဝံ့ကြွားစွာဖြေလာသည်။
"မင်းပထမဆုံးဝင်လာတုန်းက ငါ့ရဲ့အသိစိတ်က တခြားသူတွေထက် ပိုကြီးနေတာ သတိမထားမိဘူးလား... မင်းရဲ့ စိတ်ပိုင်းဆိုင်ရာသန်မာမှုကို ဒီမှာလေ့ကျင့်တာအကောင်းဆုံးပဲ..."သူမ၏ အသိစိတ်က ပိုမိုအသက်ဝင်လာသည်ကို ခံစားလိုက်ရပြီး ထိန်းချုပ်နိုင်စွမ်းလည်း ပိုမိုချောမွေ့လာသည်။ သို့သော်....
"ငါတို့ခန္ဓာကိုယ်တွေကြတော့ ဘယ်လိုလုပ်မလဲ..."
သူတို့ရဲ့ အသိစိတ်တွေထွက်ခွာလာပြီဆိုတော့ ခန္ဓာကိုယ်အခွံလွတ်ကြီးက အပြင်ဘက်မှာကျန်ခဲ့မှာပေါ့....
![](https://img.wattpad.com/cover/346223543-288-k852206.jpg)