Chapter 166
မျိုးသန့် စင်ကယ်ခွေး(ခ) နှစ်တစ်သောင်းFA"ဒီတော့... ငါနဲ့ယှဉ်ရင် မင်းတို့လို အသွင်ပြောင်းခံရတဲ့လူတွေက ကမ္ဘာဂြိုလ်သားနဲ့ သွေးစုပ်ဖုတ်ကောင်မျိုးမစစ်လေးတွေပဲ..."
သူ မောက်မာစွာမေးငေါ့လိုက်ပြီး သူ့နှာခေါင်းအောက်မှကမ္ဘာကြီးကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"အကောင်းဆုံး မင်းတို့တွေကို အဲ့ဒီ့ရူးနေတဲ့လူအိုကြီးအကိုက်ခံရလို့ ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတဲ့လူတွေလို့ ပြောလို့ပဲရမယ်..."နင်ပဲ ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတာ..... နင်တို့တစ်မိသားစုလုံးပဲ ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတာ...
"ဟီးဟီး..."
ယောင်စစ်၏ နှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွားသည်။ ထိုကဲ့သို့သော အတော်လေးဆိုးဝါးသည့် လူမျိုးရေးခွဲခြားခံရမှုမျိုးက သူမကို အသည်းတယားယားဖြစ်သွားစေသည်။
"ငါတို့တွေက ခွေးရူးရောဂါကို သယ်ဆောင်ထားတယ်ဆိုတော့ နင်တို့မျိုးနွယ်ရဲ့ ခွေးရူးတွေဆီကလာတဲ့ ပိုးကိုသယ်ဆောင်ထားရတော့ ပျော်စရာကြီးမဟုတ်လား....."သူမ နောက်ဆုံးစာသားကို ဖိပြောလိုက်သဖြင့် လင်းလုံ သူပြောသည့်စကားနှင့် သူ့ဘာသာချောင်ပိတ်ပြီး တောင့်တင်းသွားခဲ့သည်။
သို့သော် ယောင်စစ်က လင်းလုံကို ဘိုးဘေးတစ်ယောက်ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ မူရွှမ်ကပင် သူ့ကိုအထင်လွဲပြီး ပထမမျိုးဆက် သွေးစုပ်ဖုတ်ကောင်အဖြစ် သတ်မှတ်ခဲ့သေးသည်။ မူရွှမ်က တစ်ဘက်လူ၏ ကိစ္စများကို အာရုံမစိုက်သည့်ဟန် ပေါ်၍ သူမသာ လင်းလုံကို မေးရပေတော့သည်။
"နင်ပြောတဲ့ စာချုပ်ချုပ်ဆိုသူ ဆိုတာဘာလဲ အတိအကျပြောစမ်းပါ.... နင့်ကိုယ်နင် ဘိုးဘေးလို့ ပြောမှတော့ နင့်လို ဘိုးဘေးတွေဘယ်လောက်များများရှိနေသေးလဲ...."
"မင်းအဲ့ဒီ့ကိစ္စနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာမလိုဘူး...."
လင်းလုံ အထင်အမြင်သေးစွာ လက်ခါပြလိုက်သည်။
"ဒီလောကကြီးထဲမှာ ငါနဲ့လူအိုကြီးပဲရှိတာ... အိုး...နာကျင်စွာနဲ့ပြောရရင် နင့်ရဲ့ သွေးမျိုးသန့်လေးကလည်း ငါတို့လိုပဲ..."
![](https://img.wattpad.com/cover/346223543-288-k852206.jpg)