ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

282 22 0
                                    

Chapter 120
ဂြိုလ်တုပေါက်ကွဲခြင်း

ချွီဇယ်၏မျက်နှာဖြူဖျော့သွားသည်။

ယောင်စစ် အံ့ဩသင့်သွားပြီး မူရွှမ် ကိုတစ်ချက်ကြည့်လိုက်သည်။ လှုပ်ခါနေခြင်းများရပ်တန့်သွားသည့်အချိန်၌ သူမ အလိုအလျောက် မော့ကြည့်လိုက်မိရာ ကောင်းကင်ပေါ်၌ ကြယ်များကြွေကျလာသလို အစက်ပျောက်များကို တွေ့လိုက်ရသည်။

ဥက္ကာခဲများက မြေပြင်ပေါ်သို့အဆက်မပြတ်ပြိုဆင်းကျလာသည်။ ကြီးမားသော အပိုင်းအစများပြိုကျမှု့ကြောင့် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှသော အသံများလည်း ထွက်ပေါ်နေသည်။ တစ်မိနစ်မပြည့်ခင်မှာပင် အနီရောင်ဂြိုဟ်က ဥက္ကာခဲများ၏ အန္တရာယ်ကိုကာကွယ်ရန်အတွက် ဂြိုလ်၏ကာကွယ်ရေးစနစ်ကိုအသက်သွင်းလိုက်လေသည်။

ဘာတွေဖြစ်နေတာလဲ...ဘာလို့ ကြယ်ကြွေကျနေတာလဲ...

မူရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး အဖြစ်အပျက်များကိုစစ်ဆေးရန်အတွက် သူ၏ ကွန်ပြူတာ လက်ပတ်ကိုဖွင့်လိုက်သည်။ ပထမဆုံးပေါ်လာသည့်အကြောင်းအရာက ကြီးမားသော စကားလုံးများဖြင့် ရေးထိုးထားသောစာတန်းတစ်ကြောင်းဖြစ်သည်။
–အနီရောင်တပ်မဟာ၄ကျဆုံးခြင်း...

အနီရောင် တပ်၄ အဲ့တာက အနီရောင်ဂြိုဟ်ရဲ့အကြီးဆုံးဂြိုလ်တု မဟုတ်ဘူးလား။သူခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ယံထက်၌ ဂြိုလ်တုတစ်ခုဖြတ်သွားသည်ကိုတွေ့လိုက်ရသည်။

ယောင်စစ်၏နှလုံးသားတင်းကြပ်သွားသည်။သူမ၏ ကွန်ပျူတာ လက်ပတ်ကိုဖွင့်ကြည့်လိုက်သည့်အချိန်၌ စကြာဝဠာကွန်ရက် တစ်ခုလုံးတွင် အနီရောင်ဂြိုလ်နှင့်ပတ်သတ်သည့် သတင်းများပြည့်နေသည်ကို တွေ့လိုက်ရသည်။

အနီရောင်တပ်မဟာ၄က ရုတ်တရက် အပိုင်းအစလေးများအဖြစ် ပေါက်ကွဲသွားသည်။ လွန်ခဲ့သည့်မိနစ်ပိုင်းအတွင်းက သူမ မြင်ခဲ့ရသော ကြယ်ကြွေသည်ဟုထင်ရသည့် ဖြစ်ရပ်က ထိုအပိုင်းအစလေးများပင်ဖြစ်သည်။၎င်းပေါက်ကွဲမှုက အနီရောင်ဂြိုဟ် ကို ထိခိုက်စေရုံသာမက ဘေးနားရှိ ဂြိုဟ်တုများကိုလည်း ထိခိုက်စေခဲ့သည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးWhere stories live. Discover now