Chapter 140
ဘေးဒုက္ခနှင့် အလှလေးယောင်စစ် အခြေအနေကို မထိန်းလိုက်နိုင်မီ သူမခန္ဓာကိုယ် ပိုမိုလေးလံလာသလို ခံစားလိုက်ရပြီး သူမတစ်ကိုယ်လုံး ရေအောက်ထဲ နစ်မြုပ်သွားတော့သည်။ လေပူဖောင်းကြီးက ရေများကို အပြင်ထုတ်ပေးနေပြီး ရေသူထီးလေး သူမကို ပိုမိုနက်ရှိုင်းသည်ထက် နက်ရှိုင်းသောနေရာသို့ ဆွဲခေါ်နေသည်။
တဖြေးဖြေး သူမ ပတ်ဝန်းကျင်ကို ကြည့်လာနိုင်သည်။ သူမ စိတ်ကူးထားသည်နှင့်မတူဘဲ ရေအောက်ထဲတွင် မြို့ကြီးတစ်ခုရှိနေသည်။ တစ်ချက်ကြည့်ရုံဖြင့် အဆောက်အဦးမျိုးစုံနှင့် အမည်မသိမျိုးစိတ်များစွာဖြင့် ရေသူများက အုပ်စုလိုက်ကြီး လမ်းမကြီးပေါ်တွင် ကူးခတ်နေကြသည်။ အချို့မျိုးစိတ်များက ဝေလငါးလောက်ပင် ကြီးမားပေသည်။
ယောင်စစ် သူမကိုယ်သူမ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွဲထဲ ရောက်သွားသည်ဟု သံသယဝင်မိသွားသည်။ သူမ အသိပြန်ဝင်လာချိန်တွင် ရေသူထီးလေးက သူမကို ကျောက်သလင်းနန်းတော်နှင့်တူသော "ရေသူမျိုးနွယ် လက်ထပ် မှတ်ပုံတင်ရေး ဌာန"ဟူသော စာလုံးကြီးများဖြင့်ရေးထားသည့် အဆောက်အဦးသို့ ဆွဲခေါ်သည်။
သူ တကယ်ကြီး လက်ထပ်မှတ်ပုံတင်ဖို့ အလေးအနက်ဖြစ်နေတာလား....
"ကောင်လေး...."
ယောင်စစ် ရေသူထီးလေးကို ရပ်ရန်ဆွဲလိုက်တော့မည့်အချိန်တွင် ဝန်ဆောင်မှုအဖွဲ့မှ လူတစ်ဦးဟူထင်ရသည့် ပို၍အရပ်ရှည်သော ရေသူထီးတစ်ယောက်က လမ်းလျှောက်ထွက်လာခဲ့သည်။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေပြီး မေးလာသည်။
"အရှင့်သား.... ဒီမှာ ဘာလုပ်လာတာလဲဟင်..."ယောင်စစ် တောင့်ခဲသွားသည်။
ရေသူထီးလေးက မင်းသားတစ်ပါးလား...(⊙ o ⊙)
"စာရင်းသွင်းသူ.. မှတ်ပုံတင်ချင်လို့...."
ရေသူထီးလေးက သူ့လက်ကိုမြှောက်ကာ စိတ်လှုပ်တရှားဖြင့် ပို၍အရပ်ရှည်သော ရေသူထီးကို ပြောလိုက်သည်။
"ကျွန်တော် ပါတနာတွေ့ခဲ့ပြီ... သူမက ကျွန်တော်နဲ့ လက်ထပ်ဖို့ သဘောတူတယ်...."
![](https://img.wattpad.com/cover/346223543-288-k852206.jpg)