Chapter 24
နင်အခုပဲ ထာဝရအိပ်စက်လို့ရပြီ...ပတ်ဝန်းကျင် မြင်ကွင်းများအားလုံးက လိုက်ကာတစ်ခု ဆွဲတင်လိုက်သလိုမျိုး ပြောင်းလဲကုန်လေသည်။ကြီးမားလှသော တောင်များ အပြောကျယ်လှသော ကောင်းကင်ကြီး ကျယ်ပြန့်လှသော မြေပြင်နှင့် အနီရောင်အပင်များ အားလုံး ကျောက်သင်ပုန်းပေါ်မှ စာများက်ို ဖျက်လိုက်သလိုမျိုး ပျောက်ကွယ်ကုန်လေသည်။
အရာရာအားလုံးတဖြေးဖြေးမှုန်ဝါးလာပြီးနောက်ဆုံး လုံးဝ ပျောက်ကွယ်သွားပေသည်။လွန်ခဲ့သည့် ရက်များစွာအတွင်းထွက်ဖို့ ကြိုးစားနေသော်လည်း မအောင်မြင်သေးသည့် ဤအနီရောင် ပတ်ဝန်းကျင်ကြီးက ဆယ်စက္ကန့်အတွင်းမှာပင် ပေနှစ်ဆယ် ပတ်လည်ရှိသော အဖြူရောင် နေရာလေးအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမရပ်နေသောနေရာနှင့် ခြေလှမ်းအနည်းငယ် အကွာတွင် အသားစားပန်းများက သူတို့၏ ပါးစပ်များကို ဖွင့်ဟ၍ ကြိုဆိုနေကြသည်။သို့သော်လည်း ၎င်းတို့အားလုံးက ဖန်ပေါင်းချောင် တစ်ခုအတွင်းတွင် ထည့်ထားခံရခြင်းဖြစ်သည်။သူတို့၏ ပါးစပ်ထဲမှ ရေခဲသွားချွန်ချွန်များကိုပင် မြင်နေရသေးသည်။ယောင်စစ်မလှုပ်န်ိုင်ပဲ နေရာမှာတင် ကြောင်အ၍ ရပ်နေမိသည်။
"အာ စိတ်မကောင်းစရာပဲ..."
ချွီဇယ်က သူ့လက်ထဲမှ ခရမ်းရောင်အလုံးလေးကိုမြောက်၍ ကစားနေရင်းပြောလိုက်သည်။
"ကျွန်တော့်ဆီမှာတခြား ဂြိုဟ်တွေကနေ ပြန်ယူလာနဲ့ မစမ်းသပ်ရသေးတဲ့ မျိုးခွဲအပင်တွေ အများကြီးရှိသေးတယ်..."
"စမ်းသပ်တာ ..."
ယောင်စစ် နှုတ်ခမ်းများ ရှုံ့မဲ့သွားပြီး သူ့၏ နှလုံးသားထဲမှ ဒေါသများ မြင့်တက်လာလေသည်။
"ရှင်ပြောတာက..."
"ဟုတ်တယ် ..."
"ငါတို့က သစ်တောတစ်ခုထဲကို ပြောင်းရွေ့ခံလိုက်ရတာ မဟုတ်ဘူး..."
"အင်းလေ..."
"လူသားစားအပင်ဆိုတာလည်း မရှိဘူး..."
"ဟုတ်တာပေါ့..."
"လူတွေကို လှမ်းဆွဲတဲ့ အပင်လည်းမရှိဘူး ..."