ငါ့အဖေကစကြာ၀ဠာမင်းသားချောလေး(ယောင်စစ်)

263 23 0
                                    

Chapter 125
ရည်ရွယ်ချက်အစစ်..

ယောင်စစ် သူမခန္ဓာကိုယ်မြောက်တက်သွားသည်ကိုခံစားလိုက်မိပြီး မြေပြင်ပေါ်သို့ပြင်းထန်စွာပြစ်ချခြင်းကိုခံလိုက်ရသည်။ပြင်းထန်လှသော သက်‌ရောက်မှုအားကြောင့်  သူမ၏အရိုးများကျိုးသံကိုပင် ကြားလိုက်ရ၏။ သူမပြန်လည်တိုက်ခိုက်ချင်သော်လည်း ဖိအားတစ်ရပ်က သူမ၏တုံ့ပြန်မှုများအားလုံးကိုထိန်းချုပ်ထားလေသည်။

ဒါသွေးမျိုးဆက်ဖိနှိပ်ခြင်းဆိုတာလား...

လည်ပင်း၌ ဖိအားတစ်ခုသက်ရောက်လာပြီး သူမ ဆွဲမြှောက်ခံထားရသည်ကိုခံစားလိုက်ရသည်။ ခံစားနေရသောအင်အားက ပြင်းထန်လာပြီးနောက် အသက်ရှူများပင်ကြပ်လာလေသည်။

"နာကျင်မှု...."

သူမယခင်ကရပ်နေတဲ့ နေရာတွင်မရှိတော့ကြောင်းသတိထားမိလိုက်သည်။ လေဟာနယ်တံခါးတစ်ချပ်ထပ်မံပွင့်ဟလာပြီး
သူမတို့ ထိုတံခါးပေါက်တွင်းသို့ဖြတ်သွားခဲ့ကြသည်။ ၎င်းအရာများအားလုံးကသူမကိုသတ်ရန်အတွက် အချိန်ဆွဲနေခြင်းသာဖြစ်သည်။ ချွီဇယ်၏စကားများကိုရုတ်တရက်ပြန်လည်သတိရသွားမိသည်။ Euphoria၏ပစ်မှတ်ကသူမဖြစ်ကြောင်းသတိပေးဖူးလေသည်။

ဂြိုလ်ဖောက်ခွဲခြင်း၊ ဗိုင်းရပ်စ်များပျံနှံ့စေခြင်း အရာအားလုံး၏ရည်ရွယ်ချက်ကသူမသာဖြစ်နေလေသည်။

သူမလည်ပင်းရှိအားအင်များတိုးပွားလာသည့်နှင့်အမျှ အမြင်အာရုံများပင်မှုန်ဝါးလာလေသည်။ ထို့နောက်သွေးဖြင့်ပြုလုပ်ထားသောဓားတစ်လက်က သူမ၏ ရင်ဘတ်ကိုထိုးစိုက်လာသည်အားခံစားမိလိုက်သည်။

၎င်းကသွေးစုပ်ဖုတ်ကောင်များအတွက် မျိုးနွယ်၏သွေးကို အသုံးပြုပီးသတ်ဖြတ်သည့်နည်းလမ်းတခုသာဖြစ်သည်။ ဓားထိုးစိုက်ခံလိုက်ရသည့်အချိန်၌ အသားများတစစီကွဲအက်သွားသလို ခံစားလိုက်ရ၏။

ငါသေတော့မှာလား...
ယောင်စစ် အလိုလိုခေါင်း‌မော့ကြည့်လိုက်မိသည်။ သူမ၏အမြင်အာရုံများကမှုန်ဝါးနေသော်လဲ သေခါနီးဖြစ်ပေါ်လာသောစိတ်စွမ်းအားကြောင့်တဖက်လူအသုံးပြုထားသောအကာအကွယ်ကို‌ဖောက်၍ မျက်နှာအစစ်ကိုမြင်လိုက်ရလေသည်။သူမတုန်လှုပ်သွားမိသည်။

ငါ့ဖေဖေကကြာဝဠာမင်းသားချောလေးOnde histórias criam vida. Descubra agora