Chapter 103
အရူးကောင်နှင့်ရင်ဆိုင်ခြင်း"သွေးစုပ်ဖုတ်ကောင်တွေကတကယ့်ကိုပဲကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကိုခံရတယ်... ငါတို့ရဲ့ စွမ်းဆောင်ရည်တွေက သာမာန်အချိန်တွေမှာ ပြောရမယ်ဆိုရင်တောင်မှပဲ 'S'အဆင့်ရှိတယ်...ဒါပေမဲ့...ငါတို့ရဲ့စွမ်းရည်တွေက မင်းနဲ့ ဘယ်လိုမှမပတ်သတ်ဘူး...မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ...အသုံးမဝင်ဘူး...ငါတို့သွေးစုပ်ဖုတ်ကောင်တွေက ဘယ်လောက်ပဲသန်မာပါစေ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေအပေါ်တော့ တန်ဖိုးထားလေးစားတယ်...ပြိုင်ပွဲမှာဆိုရင် ပြိုင်ပွဲစည်းကမ်းရှိရမယ်...အားနည်းချက် အားသာချက်တွေကို ငြင်းခုန်နေရမှာမဟုတ်ဘူး...မင်းကပြိုင်ဘက်ကို လှည့်စားအနိုင်ယူပြီးတာတောင် ဘယ်လိုလုပ်ပြီးမော်ကြွားနေရဲသေးတာလဲ..."
ထိုသူက စကားလုံးများဆို့နင့်သွားသလိုမျိုး စကားမဆိုနိုင်ဖြစ်နေသည်။
"ပြိုင်ပွဲတခုမှာ အရေးကြီးဆုံးက မျှတမှုရှိဖို့ပဲ...မင်းက 'SS' အဆင့်စက်ရုပ်ကိုအသုံးပြုကတည်းက ပြိုင်ပွဲရဲ့စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့ပြီးပြီ...ဆိုလိုတာကတော့ မင်းရဲ့ပါဝင်ယှဉ်ပြိုင်မှုနဲ့ အရည်အချင်းတွေက မမှန်ကန်ကြောင်းစစ်ဆေးပြီးတဲ့နောက်မှာတော့ ရလဒ်တွေကိုလဲ ငါတို့ကလက်မခံပိုင်ခွင့်ရှိသွားပြီ...မင်းဘာသာမင်း လက်ခံခံ မခံခံ မင်းကဒီပြိုင်ပွဲရဲ့ချန်ပီယံဖြစ်လာနိုင်တော့မှာမဟုတ်ဘူး...မကျေနပ်ဘူးလား...မကျေနပ်ရင်လဲငါ့ကိုလာကိုက်လိုက်လေ..."
ယွမ်ဟန်၏ မျက်နှာကမဲမှောင်သွားပြီး ပြိုင်ပွဲကွင်းထဲမှထွက်သွားလေသည်။ ယောင်စစ် ကျိုးဖုန်းဥက္ကဌဘက်သို့လှည့်ကြည့်၍ စကားပြောလိုက်သည်။
"ဥက္ကဌ ဒီရလဒ်တွေကိုအမှန်မယူတော့ဘူး... ဒီရလဒ်တွေကို ထည့်မတွက်တော့ဘူး..."
ကျိုးဖုန်ဉက္ကဌကကြောက်ရွံ့ထိတ်လန့်မှုဖြင့် ချွေးအေးများထွက်နေပေသည်။ဒီနေ့ဟာကြောက်စရာကောင်းတဲ့ နေ့တနေ့ပေ။ ပြိုင်ပွဲကိုလိမ်လည်လှည့်ဖျား ပြိုင်ဆိုင်ခြင်းကပင်အရှုပ်တော်ပုံတခုဖြစ်နေခဲ့ပေသည်။သို့သော်လည်း လိမ်လည်သူကထိုနေရာမှာတင် ရပ်တန့်မသွားပဲ တခြားသောပြဿနာများဖြစ်ပေါ်လာအောင်ပါ ဆွဲထည့်ခဲ့သေးသည်။
